
APM ၊ ဩဂတ်စ် ၂၅/၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နန့် တရားစွဲခံထားရသည့် မြောက်ဦးမြို့နယ်၊ တိမ်ညိုရွာဟိ သာလီစွဆီဆိုင်ပိုင်သျှင်ဦးကျော်သိန်းလှိုင်အမှုကို ဒေနိ(ဩဂတ်စ် ၂၅ ရက်နိ)တွင် မြောက်ဦး မြို့နယ်တရားရုံး၌ ရုံးထုတ်ခကေလေ့ မြို့နယ်တရားသူကြီး ဒေါ် လဝန်းအိမ်က အကြောင်းပြချက် မည်မည်ရရမဟိဘဲ လာမည့် စပ်တမ်ဘာ ၁ ရက်နိသို့ ရုံးချိန်းထပ်ရွှိလိုက်ကြောင်း သိရသည်။
အမှုကို ဒေနိမိုးထကရုံးထုတ်ခပြီး မြို့နယ်တရားသူကြီး ဒေါ်လဝန်းအိမ်က အကြောင်းပြချက်မဟိဘဲ ရုံးချိန်းထပ်ရွှိလိုက် သည်ဟုဆိုသည်။
ဦးကျော်သိန်းလှိုင်(၄၆ နှစ်)သည် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်၌ နီထိုင်သူဖြစ်ပြီး ကုန်ခသည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်နိတွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ၎င်းနီထိုင်ရာ ထမ္မရာဇ်ရပ်ကွက်မှ နီအိမ်ထဲသို့ ဝင်ရောက်ဖမ်းဆီးလားခသည်။
ယင်းနောက် စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်ထွန်းဆိုသူ တရားလိုလုပ်၍ မြောက်ဦးမြို့နယ်တရားရုံး၌ ပုဒ်မ ၁၇(၁)နန့် တရားစွဲထားခြင်း ဖြစ်သည်။
လက်ဟိတွင် ဦးကျော်သိန်းလှိုင်ကို မြောက်ဦးမြို့မရဲစခန်း၌ ချုပ်နှောင်ထားပြီး အမှု၌ လိုပြသက်သီများ အားလုံးစစ်ဆီးပြီး၍ အပြီးသတ်အမိန့်ချရန်ရာကျန်နီကာ အကြောင်းအမျိုးမျိုးပြလျက်ရုံးချိန်းရွှိခံနီရ၍ စွပ်စွဲခံရသူနန့်မိသားစုဝင်များမှာ ရုံးချိန်း လားလာရသည့် စရိတ်စခအပါအဝင် အဖက်ဖက်က နစ်နာနီကတ်ရကြောင်း သိရသည်။
