APM ၊ သြဂတ်စ် ၂၅ / ၂၀၂၃
ကုန်ခသည့် သြဂတ်စ် ၂၂ ရက်နိက တောင်အာဖရိကနိုင်ငံတွင် စတင် ကျင်းပခသည့် BRICS ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်သစ် ၆ နိုင်ငံကို လက်ခံလားမည်ဖြစ်ကြောင်း တောင်အာဖရိကသမ္မတက သြဂတ်စ် ၂၄ ရက်နိတွင် ကြေငြာလိုက်သည်။
တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက် စဘတ်မြို့တွင် သုံးရက်ကြာကျင်းပခသည့် BRICS ထိပ်သီးညီလာခံအပြီးတွင် တောင်အာဖရိက သမ္မတ ဆိုင်ရီ ရာမာဖိုဆာက ယင်းသို့ ကြေငြာလိုက်ခြင်းဖြစ်သည်။
BRICS အဖွဲ့ဝင်သစ်ဖြစ်လာမည့် နိုင်ငံ ၆ နိုင်ငံမှာ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အီရန်၊ အာဂျင်တီးနား၊ အီဂျစ်နန့် အီသိုယိုပီးယား နိုင်ငံရို့ဖြစ်သည်။
BRICS အဖွဲ့ဝင်နိုင်ငံသစ်များဝင်ခွင့်ပြုရီးအတွက် ညီလာခံတွင် ဆွေးနွေးပြီးနောက် လက်ခံရန် သဘောတူခခြင်းဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်လက်ခံလားမည်ဟုဆိုသည်။
BRICS အဖွဲ့ကို ၂၀၀၁ ခုနှစ်က ဘရာဇီး၊ ရုသျှ ၊ အိန္ဒိယ နန့် တရုတ်နိုင်ငံရို့ ပူးပေါင်းတည်ထောင်ခခြင်းဖြစ်သည်။
Source Brics to admit six new countries to bloc including Iran and Saudi Arabia
Photo – Reuters