APM ၊ ဩဂတ်စ် ၂၅ / ၂၀၂၃
အကြီးအကျယ် တောမီးလောင်ကျွမ်းမှုဖြစ်ပွားနီသည့် ဂရိနိုင်ငံတွင် မီးမသတ်နိုင်သည့်အပြင် တောမီးထပ် မံလောင် ကျွမ်းမှုများဖြစ်ပွားကာ သီဆုံးလူ ၂၁ ယောက်ဟိခကြောင်း အာဏာပိုင်များက ဒေနိ (ဩဂတ်စ် ၂၅ ရက်နိ) တွင် ထုတ်ပြန်သည်။
ဩဂတ်စ် ၂၃ ရက်နိနန့် ၂၄ ရက်နိညဇာအကြား ၂၄ နာရီအတွင်း တော မီးလောင်ကျွမ်းမှု ၁၀၄ ခု ထပ်မံဖြစ်ပွားခကြောင်း အာဏာပိုင်များက ပြောကြားခသည်။
တောမီးလောင်ကျွမ်းမှုများကို မီးသတ်သမား ၂၉၅ ယောက်၊ ကား ၈၅ စီး၊ လီယာဉ် ၄ စင်း၊ ရဟတ်ယာဉ် ၂ စင်းရို့နန့် မီးငြှိမ်းသတ်လျက်ဟိသည်ဟု ဆိုသည်။
တချိန်တည်းမှာ အာဏာပိုင်များက အီးဗီယာကျွန်းတွင် မီးတိုက်မှုဖြင့် အမျိုး သား ၁ ယောက်ကို ဖမ်းဆီးခပြီး ကုန်ခသည့် ဩဂတ်စ် ၂၄ရက်နိကလည်း Avlona ရွာကိုမီးတိုက်ခသည်ဟု စွပ်စွဲချက်နန့် အသက် ၄၅ နှစ်အရွယ် အမျိုးသား ၁ ယောက်ကို ဖမ်းဆီးခသည်။
တောမီးလောင်မှုအတွင်း ဩဂတ်စ် ၂၄ ရက်နိအထိ သီဆုံးလူ ၂၁ ယောက် ဟိခပြီး ယင်းအထဲတွင် တူရကီနယ်စပ်ဟိ ဒါဒီယာ အမျိုးသား ဥယျာဉ်အနားတွင် မီးလောင်သီဆုံးနီသည့် ရွှိပြောင်းနီထိုင်လူ ၁၈ ယောက်၏ အလောင်းများကို ဩဂတ်စ် ၂၂ ရက်နိက ရှာဖွီတွိဟိခခြင်းဖြစ်သည်။
Source Firefighters in Greece discover another body, bringing this weeks death toll from wildfires to 21
Photo AP