APM ၊ ဩဂတ်စ် ၂၅/၂၀၂၂
ဘူးသီးတောင်မြို့နယ်မှ မူဆလင်အမျိုးသမီးတယောက်အား ဩဂတ်စ် ၂၃ ရက်နိ ညဇာဖက်တွင် မာ့စ်တပ်ကာ သီနတ်အရှည်ကိုင်ဆောင်ထားသူတယောက်က အိမ်ခြံထဲသို့ဝင်၍ သီနတ်ဖြင့် ပစ်ခတ်လားခကြောင်း သတင်းရဟိသည်။
ပစ်ခတ်ခံရသူအမျိုးသမီးမှာ ဘူးသီးတောင်မြို့နယ်၊ သပိတ်တောင်ကျေးရွာအုပ်စု၊ တောင်ရွာ (မူဆလင်ရွာ)မှ ဒေါ်ဇူရာခါတူ (၂၅ နှစ်) ဖြစ်ပြီး၊ ယင်းပစ်ခတ်မှုကြောင့် ဒေါ်ဇူရာခါတူ၏ ဘယ်ဘက် ဒူးဂေါင်းသို့ ကျည်ဆန်ထိမှန်ကာ ဘူးသီးတောင်မြို့ဆီးရုံ၌ ဆီးကုသမှု ခံယူနီရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂတ်စ် ၂၃ ရက်နိက ဒေါ်ဇူရာခါတူသည် သူမ၏ လင်ယောက်ျားဖြစ်သူ ဗလီသို့လားရောက်နီချိန် ညဇာ ၆ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ရွာ(မူဆလင်ရွာ)၊ ရွာအစွန်ဟိ သူမနီအိမ်ခြံဝင်းထဲ၌ ဟိနီစဉ် မာ့စ်တပ်၍ သီနတ်အရှည်ကိုင်ထားသူတယောက်က စကားလုံးဝပြောဆိုခြင်းမပြုဘဲ ခြံအပြင်မှလက်ယပ်လှမ်းခေါ်ရာ ဒေါ်ဇူရာခါတူကမလားသည့်အတွက် သီနတ်သမားသည် ခြံတွင်းသို့ ကျူးကျော်ဝင်ရောက်လာပြီး ဒေါ်ဇူရာခါတူအား သီနတ်နန့် (၂) ချက်ပစ်ခတ်၍ ထွက်ဗြီးလားခသည်ဟု ဒေသခံများက ဆိုသည်။
ဒေါ်ဇူရာခါတူ ပစ်ခတ်ခံရသည့် ယင်းနိညဇာ (၅) နာရီခွဲ အချိန်ခန့်ကလေ့ တောင်ရွာ(မူဆလင်)ရွာမှ (၃)မိုင်ခန့် အကွာဟိ တင်ဆက် (မူဆလင်)ရွာအနား၌ အခြီစိုက်နီသော စစ်ကောင်စီတပ် တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၁၀) တပ်ရင်းမှ စစ်သားတယောက် လက် နက်ယူဆောင်၍ ထွက်ဗြီးလားခကြောင်း၊ စစ်ကောင်စီတပ်မှ ထွက်ဗြီးလားသည့် ယင်းတပ်ဗြီးက ဒေါ်ဇူရာခါတူအား ပစ်ခတ်ထွက် ဗြီးလားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများအကြား သုံးသပ်ပြောဆိုနီကတ်သည်။
ဤဖြစ်စဉ်နန့်ပတ်သက်၍ နောက်ထပ် အသေးစိတ်အချက်အလက်များကို APM မှ ဆက်လက်စုံစမ်းလျက်ဟိသည်။
(Zawgyi)
ဘူးသီးေတာင္ၿမိဳ႕နယ္တြင္ မူဆလင္ အမ်ိဳးသမီးတေယာက္ သီနတ္ျဖင့္ ပစ္ခတ္ခံရ
APM ၊ ဩဂတ္စ္ ၂၅/၂၀၂၂
ဘူးသီးေတာင္ၿမိဳ႕နယ္မွ မူဆလင္အမ်ိဳးသမီးတေယာက္အား ဩဂတ္စ္ ၂၃ ရက္နိ ညဇာဖက္တြင္ မာ့စ္တပ္ကာ သီနတ္အရွည္ကိုင္ေဆာင္ထားသူတေယာက္က အိမ္ၿခံထဲသို႔ဝင္၍ သီနတ္ျဖင့္ ပစ္ခတ္လားခေၾကာင္း သတင္းရဟိသည္။
ပစ္ခတ္ခံရသူအမ်ိဳးသမီးမွာ ဘူးသီးေတာင္ၿမိဳ႕နယ္၊ သပိတ္ေတာင္ေက်း႐ြာအုပ္စု၊ ေတာင္႐ြာ (မူဆလင္႐ြာ)မွ ေဒၚဇူရာခါတူ (၂၅ ႏွစ္) ျဖစ္ၿပီး၊ ယင္းပစ္ခတ္မႈေၾကာင့္ ေဒၚဇူရာခါတူ၏ ဘယ္ဘက္ ဒူးေဂါင္းသို႔ က်ည္ဆန္ထိမွန္ကာ ဘူးသီးေတာင္ၿမိဳ႕ဆီး႐ုံ၌ ဆီးကုသမႈ ခံယူနီရေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဩဂတ္စ္ ၂၃ ရက္နိက ေဒၚဇူရာခါတူသည္ သူမ၏ လင္ေယာက္်ားျဖစ္သူ ဗလီသို႔လားေရာက္နီခ်ိန္ ညဇာ ၆ နာရီ ၅၀ မိနစ္ခန႔္တြင္ ေတာင္႐ြာ(မူဆလင္႐ြာ)၊ ႐ြာအစြန္ဟိ သူမနီအိမ္ၿခံဝင္းထဲ၌ ဟိနီစဥ္ မာ့စ္တပ္၍ သီနတ္အရွည္ကိုင္ထားသူတေယာက္က စကားလုံးဝေျပာဆိုျခင္းမျပဳဘဲ ၿခံအျပင္မွလက္ယပ္လွမ္းေခၚရာ ေဒၚဇူရာခါတူကမလားသည့္အတြက္ သီနတ္သမားသည္ ၿခံတြင္းသို႔ က်ဴးေက်ာ္ဝင္ေရာက္လာၿပီး ေဒၚဇူရာခါတူအား သီနတ္နန႔္ (၂) ခ်က္ပစ္ခတ္၍ ထြက္ၿဗီးလားခသည္ဟု ေဒသခံမ်ားက ဆိုသည္။
ေဒၚဇူရာခါတူ ပစ္ခတ္ခံရသည့္ ယင္းနိညဇာ (၅) နာရီခြဲ အခ်ိန္ခန႔္ကေလ့ ေတာင္႐ြာ(မူဆလင္)႐ြာမွ (၃)မိုင္ခန႔္ အကြာဟိ တင္ဆက္ (မူဆလင္)႐ြာအနား၌ အၿခီစိုက္နီေသာ စစ္ေကာင္စီတပ္ တပ္မ (၂၂) လက္ေအာက္ခံ ခမရ (၂၁၀) တပ္ရင္းမွ စစ္သားတေယာက္ လက္ နက္ယူေဆာင္၍ ထြက္ၿဗီးလားခေၾကာင္း၊ စစ္ေကာင္စီတပ္မွ ထြက္ၿဗီးလားသည့္ ယင္းတပ္ၿဗီးက ေဒၚဇူရာခါတူအား ပစ္ခတ္ထြက္ ၿဗီးလားျခင္းျဖစ္ႏိုင္ေၾကာင္း ေဒသခံမ်ားအၾကား သုံးသပ္ေျပာဆိုနီကတ္သည္။
ဤျဖစ္စဥ္နန႔္ပတ္သက္၍ ေနာက္ထပ္ အေသးစိတ္အခ်က္အလက္မ်ားကို APM မွ ဆက္လက္စုံစမ္းလ်က္ဟိသည္။
