APM၊ ဩဂတ်စ် ၂၅/၂၀၂၂
ရက္ခိုင်အမျိုးသားအဖွဲချုပ် ULA ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ၏ တရားဥပဒေရီးရာဌာနမှ အသုံးပြုနီသော Justice For Arakan (Telegram Account )နန့် ပတ်သက်၍ မိဖပြည်သူများသို့ ULA ၏ တရားဥပဒေရီးရာဌာနမှ အသိပီးကြေညာချက်တစောင်ကို ဒေနိ( ဩဂတ်စ် ၂၅ ရက်နိ)ရက်စွဲနန့် ထုတ်ပြန်ကြေညာလိုက်သည်။
ထုတ်ပြန်ချက်၌ “ရက္ခိုင်ပြည်သူ့အစိုးရသည် တရားဥပဒေရီးရာဌာနကိုဖွင့်လှစ်ကာ အာရက္ခပြည်သူပြည်သားရို့၏ တရားမျှတမှုကိုရဟိစီရန်အတွက်မိမိရို့တွင်ဟိသော တရားရီး၊ ဥပဒေရီးဝန်ထမ်းများဖြင့် ပြည်သူများကို ဝန်ဆောင် မှုပီးလျက်ဟိကြောင်း၊ဤကဲ့သိုဆောင်ရွက်ရာတွင် ပြည်သူများအနီနန့် တရားရီး၊ ဥပဒေရီးနန့် သက်ဆိုင်သော ကိစ္စ ရပ်များ၊အမှုအခင်း၊ရပ်ရွာအတွင်းဖြစ်ပွားနီသောပြဿနာများကို အချိန်နန့်တပြေးညီတိုင်ကြားနိုင်ရန်၊ ပြည်သူ့အသံ များကို နားထောင်နိုင်ရန်၊ အမှုသည်များနန့် တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍Justice For Arakan ဟုအမည်ဖြင့် Telegram Account တခုကိုဖွင့်ကာ ၂၀၂၁ ခုနှစ်၊ ဂျူလိုင်လ (၂၈) ရက်နိမှစတင်သုံးစွဲ ခပါ ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဩဂတ်စ်လ (၂၁) ရက်၊ မိုးထ (၈) နာရီအချိန်ခန့်တွင် ၎င်း Justice For Arakan(Telegram Account)မှာ နည်းပညာပိုင်း မတော်တဆချိုယွင်းမှုကြောင့်တစုံတယောက်လက်သို့ ရောက်ဟိလားခပြီး၊Account နာမည်ကိုလေ့ DogeBonk Community ဟု ပြောင်းလဲခြင်းကို ခံလိုက်ရကြောင်း” ဖော်ပြထားသည်။
“ULA အနီနန့်အဆိုပါဖြစ်စဉ်အားသိလျှင်သိချင်းနည်းပညာကျွမ်းကျင်သူများ၏ အကူအညီဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂတ် စ်လ (၂၃) ရက်မိုးထ (၈) နာရီအချိန်ခန့်တွင် ပြန်လည်ရယူနိုင်ခဂေလေ့ ULA တရားဥပဒေရီးရာဌာန အနီနန့် Justice For Arakan အမည်ရသော Telegram Account အား အေနိမှ စ၍ ဆက်လက်သုံးစွဲလိမ့်မည် မဟုတ်တော့ဘဲ နောက်ထပ်အကောင့်သစ်ဖွင့်ပြီးမှ Username နန့် Profile ကို ပြန်လည် ထုတ်ပြန် အသိပီးလား မည်ဖြစ်ပါကြောင်း” ထုတ်ပြန်ချက်က ဆိုသည်။
ထို့ကြောင့် “မိဖပြည်သူများအနီဖြင့်Justice For Arakan (Telegram Account) သို့ တိုင်စာများပီးပို့ခြင်း၊ အမှုနန့် ပတ်သက်သောအကြောင်းအရာများကိုဆွေးနွေးတိုင်ပင်ခြင်း၊ အယင်တိုင်တန်းထားဖူးသောအချက်အလက်၊ အသံ ဖိုင်ပြောဆိုထားမှုများ အားလုံးကို အေထုတ်ပြန်ချက်အားဖတ်ပြီးလျှင် ဖတ်ပြီးချင်း အယင်ဆုံး ပြန်ဖျက်ထားကတ် စီလိုပါသည်” ဟုလေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် မိမိရို့တရားဥပဒေရီးရာဌာနအနီဖြင့် Justice For Arakan (Telegram Account) သို့ ယခင်က ပီးပို့ ထားဟိသော တိုင်စာများ၊ အမှုများနန့်ပတ်သက်သော အကြောင်းအရာများကို အသေအချာဖိုင်တွဲကာ ဆောင်ရွက် လျက်ဟိနီပြီးဖြစ်ကြောင်း”လေ့ ULA က ဆိုသည်။
ယင်းနည်းတူ “လက်ဟိတွင် တရားဥပဒေရီးရာဌာနအနီဖြင့် အီးမဲလ် “arakan.jus@protonmail.com” နန့် VK အကောင့် “https://vk.com/justiceforarakanland” နှစ်ခုတည်းကိုရာ အသုံးပြုလျက်ဟိပြီး တခြား မည်သည့် Channel နန့် Account ကိုမျှ အသုံးပြု၍ မဟိပါကြောင်း”လေ့ အသိပီးထားသည်။
ယင်းနည်းတူ Telegram သုံးစွဲသူ မိဖပြည်သူများအနီနန့်လေ့ မိမိရို့ကိုယ်ပိုင် Telegram Account များနန့် အချက် အလက်များအား ခိုးယူခြင်းမခံရစီရန်အတွက် အထူးသတိထားကတ်ပါရန် နန့် အမှုကိစ္စများအား တိုင်တန်းလိုပါက arakan.jus@protonmail.comသို့ လေ့ တိုက်ရိုက်ပီးပို့တိုင်တန်းနိုင်သည့်အပြင် ULA ၏ ဒေသဆိုင်ရာ နိုင်ငံရီးရုံး၊ အုပ်ချုပ်ရီးရုံးနန့် နယ်မြီရုံးများမှ တဆင့်လေ့ တိုင်တန်းနိုင်ပါကြောင်း” ULA ၏ တရားဥပဒေရီးရာဌာနမှ အကြံပြု တိုက်တွန်း ဖော်ပြထားပါသည်။
(Zawgyi)
ရက္ခိုင်ပြည်သူ့အစိုးရ၏ တရားဥပဒေရီးရာဌာနမှ အသုံးပြုနီသော Justice For Arakan (Telegram Account )နန့် ပတ်သက်၍ မိဖပြည်သူများသို့ ULA မှ အသိပီးကြေညာချက် ထုတ်ပြန်
APM၊ ဩဂတ်စ် ၂၅/၂၀၂၂