
APM ၊ ဂျူလိုင် ၂၅ / ၂၀၂၃
Mocah ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကိုပြင်းပြင်းထန်ထန်ခံစားခရသည့် ရက္ခိုင်ဒေသအများစုတွင် သောက်ရီ၊ ဆီးဝါးနန့် စားနပ် ရိက္ခာအပါအဝင် အရေးပေါ်အကူအညီများ ဒေဂုတိုင် အရေးတကြီး လိုအပ်နီသိမ့်ကြောင်းသိရသည်။
မေ ၁၄ ရက်နိက ဖြတ်သန်းဝင်ရောက်ခသည့် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း Mocha ကြောင့် ရက္ခိုင်ပြည် မြို့နယ် အများစု၌ ထိခိုက်ပျက်စီးမှုများဟိခပြီး ယင်းအထဲ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နန့် မြောက်ဦးမြို့နယ်များတွင် ထိခိုက်ပျက်စီးမှု များပြားသည်။
မုန်တိုင်းအပြီး ၂ လကျော်ကြာလာကေလေ့ အဆိုပါ အပျက်အစီးများပြားသည့် ဒေသများဟိ မုန်တိုင်းဒဏ်သင့် ပြည်သူများမှာ ကျန်းမာရီ၊ နီထိုင်စားသောက်ရီးအပါအဝင် အစစအရာရာ အခက်အခဲများနန့် ရင်ဆိုင်နီကတ်ရသိမ့်ကြောင်း ဒေသခံများက ပြောသည်။
ULA/AA နန့် NGO၊ INGO အဖွဲ့အစည်းများ၊ တခြား ပြည်တွင်း/ပြည်ပ လူမှုကူညီရီးအဖွဲ့များက လာရောက် လှူဒါန်းမှု တချို့ဟိကေလေ့ လုံလောက်မှုမဟိသိမ့်ဟု ဆိုသည်။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့် MOCHA ဆိုင်ကလုန်းမုန်တိုင်းကြောင့် အာရက္ခပြည်သူ ၁၆၄ ယောက် သီဆုံးခကာ အာရက္ခပြည်သူပေါင်း ၁၅၄၇၇၆၁ ယောက် မုန်တိုင်းဒဏ်သင့်ခရကြောင်း သိဟိရသည်။
