
APM ၊ ဂျူလိုင် ၂၅ / ၂၀၂၃
မြေပုံမြို့နယ်မှာ ဒေနိ(ဂျူလိုင် ၂၅ ရက်နိ) မိုးထက ဟွန်ဒါတစီးနစ်မြုပ်၍ အမျိုးသမီး နှစ်ယောက် ပျောက်ဆုံးနီ ကြောင်းသိရသည်။
ပျောက်ဆုံးနီသူ နှစ်ယောက်မှာ မင်းပြားမြို့နယ်၊ ရင်းချောင်းအုပ်စု၊ နတ်ကံပြင်(ချင်းရွာ)မှ ဒေါ်မမြဦး (၆၅ နှစ်)နန့် ဒေါ်အေးထုတ်(၅၉ နှစ်) ရို့ဖြစ်ကတ်သည်။
ဖြစ်စဉ်မှာ ဒေနိမိုးထ ၈ နာရီလောက်က ဒေါ်မမြဦးနန့် ဒေါ်အေးထုတ်ရို့သည် တခြားအမျိုးသမီး ၃ ယောက်၊အမျိုးသား၂ ယောက်နန့်အတူ ဟင်းသီးဟင်းရွက်များရောင်းရန် ဟွန်ဒါချေနန့် မြေပုံသို့ထွက်လာ စဉ်ကျောင်း တောင်မော် ကျောက်တန်း နားအရောက်တွင် ဟွန်ဒါ နစ်မြုပ်လားခခြင်းဖြစ်သည်။
ယင်းနောက်အနားဟိ ရီလုပ်သားများဝိုင်းဝန်းကယ်ဆယ်ကတ်ရာ တခြားအမျိုးသမီး ၃ ယောက်နန့် အမျိုးသား ၂ ယောက်ကိုကယ်ဆယ်နိုင်ခကေလေ့ ဒေါ်မမြဦးနန့် ဒေါ်အေးထုတ် ရို့မှာရှာမတွိဘဲ ပျောက်ဆုံးလားခသည်။
လက်ဟိ၌ ဒေါ်မမြနန့် ဒေါ်အေးထုံရို့ကို ဒေသခံများ ဝိုင်းဝန်ကူညီရှာဖွီလျက် ဟိကြောင်း သိဟိရသည်။
