
APM ၊ ဂျူလိုင် ၂၅ / ၂၀၂၃
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အူတာပရာဒတ်ချ်ပြည်နယ်ဟိခရိုင် ၆ ခုတွင် တရားမ၀င် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နီထိုင်သည့် မူဆလင်ဒုက္ခသည် ၇၄ ယောက်ကို ဂျူလိုင် ၂၄ ရက်နိတွင် အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသည့် မူဆလင်များမှာ မြန်မာပြည်မှထွက်ဗြီးလာသူများဖြစ်သည်ဟု ဆိုပြီး ၎င်းရို့ကို လက်ဟိ ပြည်နယ်အတွင်း မြို့နယ် ၆ခု၌ ထိန်းသိမ်းထားသည်။
အဆိုပါ ဒုက္ခသည်များထဲတွင် အရွယ်မရောက်သိမ့်သူ ၁၀ယောက်ပါဝင်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
ဖမ်းဆီးခံခရသည့် အမျိုးသမီးများထဲတွင် ၁ယောက်မှာကိုယ်ဝန်ဆောင်ဖြစ်ကြောင်း အိန္ဒိယ Scroll.in ဝက်ဘ်ဆိုဒ်တွင် ဖော်ပြသည်။
၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းသျှင်းအရ ဒုက္ခသည်များကို ကာကွယ်ရန် အိန္ဒိယ၌ စည်းမျဉ်းများမဟိသည့်အပြင် ဒုက္ခသည်များကို အကာအကွယ်ပီးမည့် ကိုယ်ပိုင် ဥပဒေများလေ့ မဟိကြောင်း သိရသည်။
ကုန်ခသည့် ၂၀၂၂ခုနှစ် အစောပိုင်းအထိ အိန္ဒိယနိုင်ငံထဲသို့ မူဆလင် ၁၈,၀၀၀လောက် တရားမဝင် ဝင်ရောက်နီထိုင်ခကတ် ကြောင်း မူဆလင် လူ့အခွင့်အရေးအဖွဲ့များ၏ အချက်အလက်များအရ သိဟိရသည်။
Source – Indian police arrest 74 Rohingya refugees in north / Reuters
Photo – AFP
