APM ၊ ဂျူလိုင် ၂၅ / ၂၀၂၃
မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ရက္ခိုင်ပြည်၊ မြို့နယ်အသီးသီးဟိ စစ်ဖီးယှောင်စခန်းများတွင် အချေသူငယ်များ နီမကောင်းဖြစ်လာမှု ပိုများလာနီကြောင်း သိရသည်။
ရက္ခိုင်တွင် လက်ဟိအချိန်ထိ နီရပ်မပြန်နိုင်သိမ့်သော စစ်ဖီးယှောင်ဦးရေ ၇ သောင်းကျော်ကျန်နီသိမ့်ပြီး ယင်းအထဲတွင် အချေသူငယ်များလေ့ ပါဝင်သည်။
မုန်တိုင်းအလွန်ကာလ ယင်းအချေသူငယ်များမှာ မိဖအုပ်ထိန်းသူများ၏ ဂရုစိုက်ခံရမှုအားနည်းလာခြင်း၊ စားနပ် ရိက္ခာထောက်ပံ့မှု အပြည့်အဝမရဟိခြင်း၊ အဟာရချို့တဲ့ခြင်းစသည့် ဆိုးကျိုးများကို ခံစားနီကတ်ရသည်။
ယင်းအပြင် သောက်သုံးရီမသန့်ယှင်းမှု၊ သဘာဝပတ်ဝန်းကျန် ညစ်ညမ်းမှု၊ ချီးဖောင်သာမလုံလောင်မှုများကြောင့်လေ့ အချေသူငယ်များမှာ ဖျားခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်း၊ အရီပြာယားနားများပေါက်ခြင်း စသဖြင့် ကျန်းမာရီးဆိုးကျိုးများကို ဆိုးဝါးစွာ ခံစားနီကတ်ရကြောင်းစခန်းတာဝန်ခံများက ပြောသည်။
မုန်တိုင်းအလွန် အချေသူငယ်များ ဖျားနာမှုသည် စစ်ဖီးယှောင်စခန်းအများစုတွင် ပိုမိုများလာနီပြီး၊ တချို့မှာ ဆီးရုံ၊ ဆီးခန်း များသို့ လားပြနိုင်ကေလေ့ အများစုမှာ ငွေကြေးအဆင်မပြေမှုကြောင့် ဆီးခန်းမပြနိုင်ကတ်ဘဲ ဖျားနာမှုဒဏ်ကို ဆိုးဝါးစွာ ခံစားနီကတ်ရသည့်အပြင် သီဆုံးသူများပင်ဟိသည်ဟုဆိုသည်။
ရက္ခိုင်ဟိ စစ်ဖီးယှောင်စခန်းများမှ စစ်ဖီးယှောင်အများစုမှာ မုန်တိုင်းအပြီး ဘဝရပ်တည်ရီးမှာ အဖက်ဖက်က ဆင်းရဲကျပ် တည်းနီကတ်ရပြီး ယင်းအထဲ အချေသူငယ်များမှာလေ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဟိလာနီကာ ကျန်းမာရီးစောင့်ယှောက်မှုများ အရေးတကြီး လိုအပ်လျက်ဟိနီကြောင်း သိရသည်။