APM၊ ဂျူလိုင် ၂၅/ ၂၀၂၃
ဒေနိ(ဂျူလိုင် ၂၅ရက်)နိ၊ ညဇာ ၅နာရီခွဲအချိန် တိုင်းတာချက်အရ ဘင်္ဂလားပင် လယ်အော်တွင် ဖြစ်ပေါ်နီသည့် အားကောင်း သော လီဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး ၂၄နာရီအတွင်း မုန်တိုင်းချေအဖြစ်သို့ ရောက်ဟိနိုင်ကြောင်း မိုးလီဝသနန့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
မိုး/ဇလ၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း နန့် အနောက် မြောက်ပိုင်းတွင်ဖြစ်ပေါ်နီသည့် အားကောင်းသောလီဖိအားနည်း ရပ်ဝန်း(Well Marked Low Pressure Area) သည် ၂၄ နာရီအတွင်း မုန်တိုင်းချေ ( Depression) အဖြစ်သို့ရောက်ဟိနိုင်ကာ၊ အနောက်မြောက်ဖက်သို့ တဆတ်ဆတ်ရွိလျားနိုင်ပြီး အိန္ဒိယနိုင်ငံ၊ အင်တာ ပရာဒေ့ချ် ပြည်နယ်မြောက်ပိုင်း ကမ်းလွန်-ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြီရို့ကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ဖော်ပြထားသည်။
အဆိုပါမုန်တိုင်းချေ၏အဟိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နန့် ဘင်္ဂလားပင်လယ်အော်ရို့တွင် မုတ်သုံလီအား အသင့်အတင့်မှ အားကောင်းနီပြီး မြန်မာ့ကမ်းရိုးတန်းတလျှောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့တွင် မိုးသက်လီပြင်းကျရောက်နိုင်သည်ဟု ဆိုသည်။
မိုးသက်လီပြင်းကျရောက်စဉ် ရီပြင်/မြီပြင်လီသည် တနာရီကို မိုင် ၃၀မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၇ ပေမှ ၉ ပေ လောက်အထိ မြင့်တက်နိုင်ကြောင်း မိုး/ဇလက ဆိုသည်။
အဆိုပါမုန်တိုင်းချေ၏အဟိန်ကြောင့် ဂျူလိုင်၂၆ရက်နိမိုးထပိုင်းအထိ နီပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ သျှမ်းပြည် မြောက်ပိုင်း၊ ကရင်နီပြည်ရို့တွင် နီရာကြဲကြဲ၊ ပဲခူးနန့် ချင်းပြည်ရို့တွင် နီရာစိပ်စိပ်နန့် ကျန်ဒေသများတွင် နီရာအနှံအပြား မိုးရွာနိုင်ကာ မွန်ပြည်တွင် နီရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားသည်။
Photo မိုးလီဝသနန့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန