
APM ၊ ဂျူလိုင် ၂၅ / ၂၀၂၃
ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ပြိုင်ပွဲများမှ ဖယ်ထုတ်ခံထားရသည့် အိုဆာဆူနာအသင်းသည် လာမည့်ရာသီ ကွန်ဖရန့် လိဂ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ပြန်ရကြောင်း ဒေနိ( ဂျူလိုင် ၂၅ ရက်နိ)တွင် အတည်ပြုကြေညာသည်။
အိုဆာဆူနာအသင်းသည် လွန်ခသည့် ၁၀ နှစ်က ယှဉ်ပြိုင်မှုတခုတွင် လုပ်ပွဲ ဖန်တီးခသည်ဆိုကာ UEFA က ချန်ပီယံလိဂ်၊ ယူရိုပါလိဂ် နန့် ကွန်ဖရန့်လိဂ် ပြိုင်ပွဲများမှ ဖယ်ထုတ်ထားခသည်။
ပြီးခသည့်ရာသီက အဆင့် (၇) တွင် ရပ်တည်နိုင်ခပြီးနောက် အိုဆာဆူနာအသင်းဖက်က အားကဇတ်ဆိုင်ရာခုံသမာဓိရုံး (CAS) သို့ ကွန်ဖရန့်လိဂ်တွင် ယှဉ်ပြိုင်ခွင့်ရရန် အယူခံဝင်ခရာ အောင်မြင်ခသည်ဟုဆိုသည်။
ကွန်ဖရန့်လိဂ်ပွဲစဉ်များကိုတော့ လာမည့် သြဂတ်စ် ၂၄ ရက် နန့် ၃၁ ရက်တွင် ကဇတ်မည်ဖြစ်ပြီး နှစ်ကျော့ပေါင်း ရလဒ်ဖြင့် အနိုင်ရဟိသည့်အသင်းရာ အုပ်စုအဆင့်သို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
Source- Excluded from UEFA, Osasuna regains competition in the Conference League/Reuters
Photo- Golden
