
APM၊ ဂျူလိုင် ၂၅ / ၂၀၂၃
ဆိုမာလီယာနိုင်ငံ ၊ မြို့တော် မိုဂါဒစ်ချူးဟိ စစ်သင်တန်းကျောင်းတကျောင်းတွင် ဂျူလိုင် ၂၄ ရက်နိက အသီခံ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၃၀ ထက်မနည်းသီဆုံးပြီး ၇၃ ယောက်ဒဏ်ရာရလားကြောင်း စစ်ဖက်ဆိုင်ရာ သတင်း ရင်းမြစ်များက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို အယ်လ်ချာဘတ်အဖွဲ့မှ ပြုလုပ်သည်ဟု စွပ်စွဲထားသည်။
သီဆုံးသူများသည် လော်ဝါချဘဲလ် ဒေသမှ စစ်ပညာ လိကျင့်သင်ကြားရန်အတွက် ရောက်ဟိနီကတ်သူများဖြစ်ကြောင်း သိရသည်။
အယ်လ်ချာဘတ်အဖွဲ့၏ထုတ်ပြန်ချက်မှာတော့ အဆိုပါအသီခံဗုံးခွဲတိုက်ခိုက်မှုအတွင်း စစ်သား ၇၄ ယောက်သီဆုံးပြီး ၁၂၄ ယောက် ထိခိုက်ဒဏ်ရာရဟိခကြောင်းဖော်ပြသည်။
အယ်လ်ချာဘတ်အဖွဲ့ သည် ဆိုမာလီယာ ဗဟိုအစိုးရကို ဖြုတ်ချရန်အတွက် ၂၀၀၆ ခုနှစ်မှစ၍ တိုက်ခိုက်နီပြီး အစ္စလာမ်မစ် ချာရီယာဥပဒေ၏ တင်းကျပ်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် အခြီခံ၍ ကိုယ်ပိုင်အုပ်ချုပ်ရီး ထူထောင်ထားသည့် အဖွဲ့တဖွဲ့ ဖြစ်သည်။
Source – Suicide bomber kills at least 30 soldiers in Somali capital -military sources
Photo – Reuters
