APM၊ ဂျူလိုင် ၂၅ /၂၀၂၃
မြန်မာစစ်တပ်က ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)နန့် တရားစွဲခံထားရသည့် ကျောက်ဖြူ ဒေသခံနှစ်ယောက်အမှုကို ၈ လအကြာရုံးချိန်းအကြိမ်ကြိမ်ရွှိထားခပြီးမှ ဂျူလိုင် ၂၄ ရက်နိရုံးချိန်းတွင် မြို့နယ်တရားသူကြီး ဒေါ်တင်နီလာထွန်းက ပထမဆုံးကြိမ် စတင်စစ်ဆီးခကြောင်း သိရသည်။
တရားစွဲဆိုခံထားရသူများမှာ ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာမှ ဦးဇော်လင်း (၃၅နှစ်) နန့် ဦးဇော်မျိုးထွန်း (၃၄နှစ်)ရို့ဖြစ်သည်။
အမှုကို စစ်ဆီးရန်အတွက် ကျောက်ဖြူမြို့နယ်တရားရုံးမှ ရုံးချိန်းအကြိမ်ကြိမ် ချိန်းဆိုခကေလေ့ မြို့နယ်တရားသူကြီး ဒေါ် တင်နီလာထွန်းက တရားလိုမရောက်ဟုအကြောင်းပြကာ မစစ်ဆီးဘဲ ရုံးချိန်းအကြိမ်ကြိမ်ရွှိဆိုင်းထားသည်။
၈ လအကြာ ဂျူလိုင် ၂၄ ရက်နိမှရာ ကျောက်ဖြူမြို့နယ်တရားရုံးတွင်ရုံးထုတ်ကာ လိုပြသက်သီများကို ပထမအကြိမ် စတင်စစ်ဆီးခခြင်းဖြစ်သည်ဟုသိရသည်။
ဦးဇော်လင်း နန့် ဦးဇော်မျိုးထွန်း ရို့မှာ ၂၀၂၂ ခုနှစ်၊ နိုဗမ်ဘာလအတွင်းက မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခရပြီးနောက် ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟုဆိုကာ ကျောက်ဖြူအခြီစိုက် ခလရ (၃၄) တပ်ရင်းမှ ဒုဗိုလ် ချစ်ထက်အောင် ဆိုသူ တရားလိုလုပ်၍ ပုဒ်မ ၁၇(၁)နန့် တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိတွင် ၎င်းအမှုကို ဆက်လက်စစ်ဆီးရန် လာမည့် ဩဂတ်စ် ၇ ရက်နိသို့ ထပ်မံရုံးချိန်းထားကြောင်း သိရသည်။