
APM၊ ဂျူလိုင် ၂၅ / ၂၀၂၃
စီးရီးအေကလပ် အင်တာမီလန်အသင်းသည် မန်ယူဂိုးသမားဟောင်း ဒီဂီယာကို ခေါ်ယူရန် ကမ်းလှမ်းမှုပယ်ချခံရ၍ အက် စတွန်ဗီလာအသင်းမှ ဂိုးသမားမာတီနက်ဇ်ကို ယူရို ၁၅ သန်း နန့် ကမ်းလှမ်းခရာ ထပ်မံပယ်ချခံရကြောင်း သိရသည်။
အင်တာမီလန်သည် အသင်း၏ အဓိက ဂိုးသမား အိုနာနာကို မန်ယူသို့ ရောင်းချလိုက်ပြီး ဝါရင့်ဂိုးသမား ဟန်ဒါနိုဗစ်ကိုပါ အသင်းမှ ထွက်ခွာခွင့်ပြုလိုက်၍ အသင်း၏ ဂိုးသမားလိုအပ်ချက်အတွက် အန်စတွန်ဗီလာ ဂိုးသမား မာတီနက်ဇ်ကို ယူရို ၁၅ သန်းနန့် ကမ်းလှမ်းချိန်မှာတော့ ပြောင်းရွှိကြေးနည်း၍ ပယ်ချခံခရခြင်း ဖြစ်သည်။
အင်တာမီလန်အသင်းအနီနန့် ဂိုးသမားနှစ်ယောက်အထိ လိုအပ်နီသည့်ကြောင့် ဗီလာ နန့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားသည့် မာတီနက်ဇ်ကို ထပ်မံကမ်းလှမ်းမှု ပြုလုပ်ရန်ဟိသည်ဟု သတင်းများကဖော်ပြသည်။
အသက် ၃၀ အရွယ် မာတီနက်ဇ်သည် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းအား ချန်ပီယံ ဆုဖလားဆွတ်ခူးနိုင်ရန် အဓိကနီရာမှ ပါဝင်ပီးခသူဖြစ်ပြီး ရွှီလက်အိမ်ဆုကိုပါရဟိထားကြောင်း သိရသည်။
Source Villa rejects Inter Milan’s approach for Martinez /onefootball.com
Photo Goal.com
