APM၊ ဂျုန် ၂၅/၂၀၂၂
စစ်ကောင်စီက ကျင်းပနီသော နှစ်ရက်တာကာလ စစ်တွေလူဖမ်းပွဲကြီးအတွင်း အပြစ်မဲ့ပြည်သူ ၂၅ ယောက်ထက် မနည်း အဖမ်းခံထားရကြောင်း သိရသည်။
စစ်ကောင်စီသည် ဂျုန် ၂၃ရက်နိမှစ၍ စစ်တွေမြို့အနှံ့တွင် ဥပဒေမဲ့စစ်ဆီးခြင်း၊ မတရားဖမ်းဆီးခြင်းများကို ထင်တိုင်းကြဲ လုပ်ဆောင်လျက်ဟိပြီး ဂျုန် ၂၄ ရက်နိ ညဇာပိုင်းအထိ ၂ ရက်အတွင်း စစ်တွေမြို့ပေါ်ရပ်ကွက်များနန့် မြို့နားဝန်းကျင်မှ အပြစ်မဲ့ပြည်သူ အနည်းဆုံး ၂၅ ယောက် အဖမ်းခံထားရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် စစ်တွေမြို့ထက်၌ လမ်းဆုံ၊ လမ်းခွများ မှာသာမက လူနီအိမ်များကိုပါ ဝင်ရောက် မွှီနှောက်လျက် စစ်ဆီးခြင်း၊ ဖမ်းဆီးခြင်းများကို ဂျုန် ၂၃၊ ၂၄ နှစ်ရက်စလုံး ဆက်တိုက်လုပ်ဆောင်ခသည်။
ဂျုန် ၂၄ ရက်နိက စစ်တွေမြို့၌ မင်းဂံအကွက်(၁၀) မှ ၁ ယောက်၊ ဗျိုင်းဖြူရွာ ဆတ်ရိုးကျမှ ၂ ယောက်၊ ကျေးပင်တန်း ရပ်ကွက်မှ ၁ ယောက်၊ ကျေးပင်းကြီးရပ်ကွက် တည်းခိုခန်း တခုမှ ၃ ယောက်အပါအဝင် ဒေသခံပြည်သူ ၇ ယောက်ထက်မနည်း အဖမ်းခံထားရသည်ဟု မြို့ခံများကပြောသည်။
ဂျုန် ၂၃ ရက်နိကလေ့ စစ်တွေမှ အပြစ်မဲ့ပြည်သူ အနည်းဆုံး ၂၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခသိမ့်သည်။
ယင်းအပြင် ဂျုန် ၂၃ ရက်နိ ညည့် ၉ နာရီကျော်အချိန်က စစ်ကောင်စီတပ်သည် စစ်တွေမြို့ မင်းဂံရပ်ကွက်သို့ သီနတ်များပစ်ဖောက်၍ ရန်သူ့စခန်းကို ဝင်စီးသည့်ပုံစံဖြင့် ဝင်ရောက်စီနင်းခပြီး၊ လမ်းလားလမ်းလာများကိုလေ့ သီနတ်ဖြင့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်မှုများ ပြုလုပ်ခသည်။
စစ်ကောင်စီတပ်၏ ဂျုန် ၂၃ ရက်နိညည့် “မင်းဂံရပ်ကွက်ပစ်ခတ်မှု”ကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ ၂ ယောက် သီဆုံးခကြောင်း သတင်းများထွက်ပေါ်နီပိုင် ဂျုန် ၂၄ ရက်နိ ညည့်မှာလေ့ မင်းဂံရပ်ကွက်အတွင်း ပစ်ခတ်သံများ ဆက်၍ ကြားနီရကြောင်း ဒေသခံများက ပြောဆိုသည်။
(Zawgyi)
စစ်ကောင်စီတပ်က ကျင်းပသည့် “စစ်တွေလူဖမ်းပွဲကြီး”အတွင်း အပြစ်မဲ့ပြည်သူ ၂၅ ယောက်ထက်မနည်း အဖမ်းခံရ
APM၊ ဂျုန် ၂၅/၂၀၂၂
