APM၊ မေ ၂၅ /၂၀၂၄
မိမိရို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ကို ရှုထောင့်ပေါင်းစုံကကြည့်ပနာ ကိုယ်လိုရာဆွဲပြီးကေ ဇာအဖွဲ့အစည်းက ဇာပိုင်ပင်ပြောဆိုရွီးသားနီပါစီ မိမိရို့အနီနန့် မိမိရို့၏ရပ်တည်ချက်အတိုင်းပြည်သူ့တာဝန်ကိုကျီပွန်စွာ ထမ်းဆောင်လျက်ဟိရေလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၏ မေ၂၄ ရက်နိ ထုတ်ပြန်ချက်မာ ထည့်သွင်း ဖော်ပြထားပါရေ။
အဆိုပါထုတ်ပြန်ချက်အတွင်း ” လက်ဟိ အာရက္ခဒေသအတွင်း စစ်ရီး၊နိုင်ငံရီး၊ဘာသာရီး အကြမ်းဖက်မှုတိနန့်ရှုပ်ထွီးနီရေ အခြေအနီမာ လူအမျိုးမျိုးရို့စွာ ရူထောင့်အမျိုးမျိုးကနီပနာ သူရို့၏ အကျိုးစီးပွားအတွက် ပကတိအဖြစ်ပျက်မှန်ကို မျက်ကွယ်ပြု လျစ်လျူရူပြီးကေ ကိုယ်လိုရာကိုဆွဲ ပြောဆိုရွီးသားမှုတိ ဟိလာနီကေလေ့ မိမိရို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)အနီနန့် မိမိရို့၏ ရပ်တည်ချက်နန့်တာဝန်ဝတ္တရားအတိုင်း အာရက္ခပြည်သူလူထုနန့်အာရက္ခပြည်အတွက် ကျီပွန်စွာ တာဝန်ထမ်းဆောင်လျက်ဟိကြောင်း” ဖော်ပြထားပါရေ။
ယင်းကြောင့် နိုင်ငံတကာအဖွဲ့အစည်းတိနန့်ပြည်တွင်း ပြည်ပ သတင်းမီဒီယာတိအနီနန့် အွန်လိုင်းထက်မာ ဖြစ်နီရေ အာရက္ခတပ်ဒေသအတွင်း သတင်းတု၊သတင်းမှားတိကို တဖက်သတ်အမြင်နန့်ပြစ်တင်ပြောဆိုရွီးသားနီဖို့အစား မြီပြင်မာ ကွင်းဆင်းလေ့လာပနာ အမှန်တရားကို သိဟိနားလည်အောင် အယင်ဆုံးလုပ်ဆောင်သင့်ကြောင်း အကြံပြု ပြောဆိုထားပါရေ။
အခြားတဖက်မာလည်း ပြည်သူလူတိကို ပကတိမြီမြင်မာ အမှန်တကယ်ကူညီပနာ ကာကွယ်ဆောင်ရွက်ပီးနီရေ မိမိရို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)နန့်ပူးပေါင်းလုပ်ဆောင်ခြင်းက ပြည်သူလူထုအတွက် ပိုအကျိုးဖြစ်ထွန်းဖို့လို့ ဆိုပါရေ။
ယင်းပိုင် ပူးပေါင်းလုပ်ဆောင်ခြင်းကရာ အာရက္ခဒေသအတွင်း အတူနီထိုင်ကတ်တေ အာရက္ခပြည်သူရို့ အချင်းချင်းအကြားမာ သဟဇာတဖြစ်စီရီး၊ငြိမ်းချမ်းစွာအတူယှဉ် တွဲနီထိုင်နိုင်ရီးနန့်တရားမျှတမှုရဟိရီးရို့အတွက် အာရက္ခတပ်တော်ကြိုးပမ်းဆောင်ရွက်နီစွာတိကို အထောက်အကူဖြစ်စီဖို့လို့လည်း ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။
ယင်းအပြင် အာရက္ခဒေသအတွင်း ဖက်ဆစ်စစ်ကောင်စီ၏ ဗျူဟာ၊တပ်မ၊တပ်ရင်းဌာန ချုပ်ရို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တိစွာ စခန်းတိကို စွန့်လွှတ်ပနာ လက်နက်တိနန့်ကိုယ် လွတ်ရုန်းထွက်ဗြီးနီကတ်တေအတွက် ပြည်သူရို့အနီနန့် ၎င်းရို့၏ အန္တရာယ်ကို သတိထားကတ်ဖို့နန့် စစ်ကောင်စီစွာ စစ်ဖက်၊အရပ်ဖက်ပစ်မှတ်မခွဲခြားဘဲ ပြည်သူလူထု ထူထပ်တေနီရာတိနန့် စစ်ဖီးယှောင်တိကို လီကြောင်း၊လက်နက်ကြီးနန့် ပစ်ခတ်တိုက်ခိုက်တတ်တေ အကျင့်ဟိရေအတွက် စစ်ရီးသတိအပြည့်နန့်နီထိုင်ကတ်ဖို့ကိုလည်း အလေးအနက် ထပ်မံတိုက်တွန်းဖော်ပြထားပါရေ။
