
APM ၊ မေ ၂၅/၂၀၂၄
ရက္ခိုင်ပြည်မြောက်ဖက်ဒေသနန့်ပတ်သက်လို့ ( ၁၉၅)ဖွဲ့နာမည်ခံ လုပ်ကြံထုတ်ပြန်ချက်မာ မှားယွင်းနီပြီး၊ ပကတိမြီပြင်အချက် အလက်တိနန့် ကွဲလွဲနီရေအတွက် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က မေ ၂၄ ရက်နိမာ ထုတ်ပြန်ပြောဆိုလိုက်ပါရေ။
အဆိုပါထုတ်ပြန်ချက်တွင်” စစ်ကောင်စီကို တော်လှန်နီကတ်တေ တော်လှန်ရီးအင်အား စုများအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ၊ပြည်တွင်းပြည်ပ လုံခြုံရီးအခြေအနီတိကြောင့် အမည်မဖော်လိုရေ အဖွဲ့အစည်းစုစုပေါင်း ( ၁၉၅)ဖွဲ့၏ ရက္ခိုင်ပြည် မြောက်ဖက်အခြေအနီတိနန့်ပတ်သက်လို့ ပူးတွဲသဘောထားထုတ်ပြန်ချက်တစောင်ကို ၂၀၂၄ ခုနှစ်၊မေ၂၂ရက်နိမာ တွိမြင်ခရပါကြောင်း၊ ယင်းထုတ်ပြန်ချက်မာ ပါဟိနီရေ အချက် အလက်တချို့မှားယွင်းနီပြီး၊ပကတိမြီပြင်အချက်အလက်တိနန့်ကွဲလွဲမှုတိဟိနီရေအတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)က ကန့်ကွက်ကြောင်း” ဖော်ပြထားပါရေ။
ထုတ်ပြန်ချက်ပါအဖွဲ့အစည်းတချို့ကိုခွဲခြမ်း စိတ်ဖြာကြည့်ခါ
(၁)အဆိုပါ ထုတ်ပြန်ချက်နန့်စပ်လျဉ်းပြီး၊ထုတ်ပြန်ရန်နှိုးဆော်သည့်အချိန်မှ ထုတ်ပြန်လိုက်တေအချိန်ထိ သိဟိမှုမဟိသော အဖွဲ့အစည်းများ၊
( ၂) မိခင်အဖွဲ့အစည်း၏ သဘောထားဆန္ဒများကို မီးမြန်းခြင်းမဟိဘဲ ထည့်သွင်းခြင်းခံရရေ အဖွဲ့အစည်းများ၊
(၃) လူ့အခွင့်ရီးဂေါင်းစဉ်နန့်အသုံးချခံရရေ အဖွဲ့အစည်းများ၊
(၄)အဖွဲ့အစည်း၏ တရားဝင်ခွင့်ပြုချက် တောင်းခံခြင်းမဟိဘဲ ပူးတွဲထုတ်ပြန်ချက်၏ နာမည်စာရင်းမာ ထည့်သွင်းခြင်းခံရသော အဖွဲ့အစည်းများ၊
(၅) လူပုဂ္ဂိုလ်တချို့မှ နိုင်ငံရီးအရ အဖွဲ့အစည်းတချို့၏နာမည်ကို စာရင်းမာထည့်လို့ အသုံးချဖော်ပြခံရရေ အဖွဲ့အစည်းများ
စရေပုံစံအမျိုးမျိုးနန့်ပါဝင်နီစွာကို မိမိရို့၏ စုံစမ်းမီးမြန်းချက်နန့်တချို့အဖွဲ့အစည်းရို့က ဆက်သွယ်ပြောကြားချက်အရ သိရပါကြောင်း ဖော်ပြထားပါရေ။
ယင်းထုတ်ပြန်ချက်မာ ပါဟိရေအဖွဲ့အစည်းနန့်အဖွဲ့အစည်းတာဝန်ခံတိကို ULA/AAက ကောင်းစွာမှတ်တမ်းတင်ထားပြီး၊အခြားတဖက်မာ ယင်းထုတ်ပြန်ချက်နန့်ပတ်သက်လို့အခြေအနီနန့်အကျိုးကြောင်းကို ယှင်းလင်းစွာမသိဟိဘဲ ဖော်ပြခြင်းခံရရေ အဖွဲ့အစည်းတိဟိပါက ဇာအတွက်ကြောင့်ပါဝင်ရရေဆိုစွာ ယှင်းလင်းချက်ထုတ်ပီးဖို့ကို ULA/AA က အလေးနက်တောင်းဆိုထားပါရေ။
ယေမှရာ ULA/AA နန့်ခင်မင်ရင်းနှီးရေ အဖွဲ့အစည်းအချင်းချင်းကြားမာ အပြန်အလှန်နားလည်မှုလွဲခြင်း၊ယုံကြည်မှုပျက်ပြားခြင်း၊စိတ်ဝမ်းကွဲမှုမျိုးဖြစ်ခြင်းရို့က ယှောင်ယှားနိုင်ဖို့ဖြစ်ပြီး၊အမှန်တရားကိုရဲဝံ့စွာနန့်ပွင့်လင်းစွာ ပြောဆိုခြင်း၊ထုတ်ပြန်ခြင်းဖြင့် အခြေအနီမှန်ကို တည့်မတ်နိုင်ဖို့ဖြစ်တေပိုင် အချင်းချင်းကြားမာ ဟိရေယုံကြည်မှု၊နားလည်မှုတိလည်း ပိုလို့မြင့်မားလာဖို့လို့ ဖော် ပြထားပါရေ။
ယင်းအပြင်၎င်းပူးတွဲထုတ်ပြန်ချက်မာပါဝင်နီရေအဖွဲ့အစည်းတိထဲက ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော်နန့် ခင်မင်ရင်းနှီးရေအဖွဲ့အစည်းတိအနီနန့်ကျိုးကြောင်းဆီလျော်ရေ ယှင်းလင်းချက် (သို့မဟုတ်) ထုတ် ပြန်ချက်တိကို သက်ဆိုင်ရာအဖွဲ့အစည်းရို့၏ ဆိုချယ်မီဒီယာ စာမျက်နှာမာ လည်းကောင်း ၊ ULA/AA၏ အီးမေးလ်များသို့လည်းကောင်း ဆက်သွယ်မိန်းမြန်းနိုင်ပါကြောင်းလည်း ထုတ်ပြန်ချက်ထဲမာ ထည့်သွင်းဖော်ပြထားပါရေ။

