
APM ၊ မေ၂၅ /၂၀၂၄
မေလ ၂၂ ရက်နိက ရက္ခိုင်အရေး (၁၉၅) ဖွဲ့နာမည်ခံ ထုတ်ပြန်ထားရေ ထုတ်ပြန်ချက်နန့်ပတ်သက်လို့ ရန်ကုန်ခြီစိုက် တက္ကသိုလ် ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်)က ပြည်သူလူထုသို့ အသိပီးကြေညာချက်တစောင်ကို ဒေနိ၊မေ၂၅ ရက်နိမာ ထုတ်ပြန်လိုက်ပါရေ။
ယင်းထုတ်ပြန်ချက်မာ “ကျနော်ရို့ တသကများ- ရန်ကုန်အနီဖြင့် ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နိမာ ထုတ်ပြန်ခရေ “ရက္ခိုင်ပြည် မြောက်ပိုင်း အခြေအနီတိနန့်ပတ်သက်ပြီး တော်လှန်ရီး အင်အားစုများနန့်အရပ်ဖက်အဖွဲ့အစည်း( ၁၉၅) ဖွဲ့၏ သဘောထားဆိုရေ ပူးတွဲထုတ်ပြန်ချက်”မာ ပူးပေါင်းပါဝင်ခပါရေ။ကျနော်ရို့အနီနန့် ပူးတွဲထုတ်ပြန်ချက် မထုတ်ပြန်ခင်ကာလအတွင်း ထုတ်ပြန်ချက်မူကြမ်းကိုလည်း လက်ခံရဟိပြီး ယင်းမူကြမ်းကို ပျင်ဆင်ညှိနှိုင်းရေ လုပ်ငန်းစဉ်မာလည်း ပါဝင်ခပါရေ။ ယေကေလေ့ပျင်ဆင်ညှိနှိုင်းနီရေ အချိန်ကာလအတွင်းမာ ကျနော်ရို့ (တကသများ- ရန်ကုန်)အနီနန့် ထုတ်ပြန်ချက်မူကြမ်းမာ ထည့်သွင်းရွီးသားထားရေ အချက်အလက်တိကို စနစ်တကျ စုံစမ်းစီစစ်နိုင်ခခြင်းမဟိပါ၊ အဆိုပါ ပူးတွဲထုတ်ပြန်ချက်အား တရားဝင်ကြေညာပြီးမှရာ ထည့်သွင်းရွီးသားထားရေ အချက်အလက်တိကို ပြန်လည်စီစစ်ဖြစ်ခပါရေ။
ယင်းသို့ ပြန်လည်စီစစ်တေခါ အချက် အလက်တချို့ ကွဲလွဲမှုများ၊ ရှုပ်ထွီးမှုများဟိနီပြီးကေ တိကျခိုင်မာမှုအားနည်းနီစွာကိုတွိရပါရေ။တိကျခိုင်မာမှုအားနည်းရေ အချက် အလက်တိကို အခြီခံပနာ ထုတ်ပြန်ခြင်းရေ ဒေသအတွင်းဟိ သက်ဆိုင်ရာ အစုအဖွဲ့ အသီးသီးအကြား တင်းမာမှုတိ ပိုဖြစ်လာဖို့ကို ကျနော်ရို့အနီနန့် အထူးစိုးရိမ်မိပါရေ။ ကျနော်ရို့၏ စနစ်မကျမှုပေါ့ဆမှုတိကိုလည်း တာဝန်ယူ ၊တာဝန်ခံဖို့လိုအပ်တေလို့ ရှုမြင်မိပါရေ။
ယင်းကြောင့် ကျနော်ရို့ တကသများ- ရန်ကုန် အနီနန့် အထက်ဖော်ပြပါ ပူးတွဲကြေညာချက်မှ တရားဝင်နှုတ် ထွက်ပါကြောင်းနန့် ကျနော်ရို့၏ ပေါ့လျော့မှုများအတွက် ဒေသတွင်းမှ အဖိနှိပ်ခံလူထုအပါအဝင် သက်ဆိုင်ရာ လူပုဂ္ဂိုလ် များ၊အဖွဲ့အစည်းများနန့်တကွပြည်သူလူထု တရပ်လုံးကိုလည်း တောင်းပန်ပါကြောင်း ထုတ်ပြန်ချက်မာ ကြေညာထားပါရေ။
ယေပြီးကေ မြီပြင်အခြေအနီမာ အမှန်တကယ်ဖြစ်ပွားလျက်ဟိရေ အခြေအနီတိ အမှန်အတိုင်း ပေါ်ပေါက်လာစီဖို့အတွက်သက်ဆိုင်ရေ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနီနန့် အပြုသဘောဆောင်ပနာ ပူးပေါင်းဆောင်ကတ်ဖို့၊ တကသများ- ရန်ကုန်အနီနန့်လည်း ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာမာ လိုအပ်တေနီရာက ပူးပေါင်းပါဝင်ကတ်ဖို့ အဆင်သင့်ဟိကြောင်းလည်း ထုတ်ပြန်ချက်မာ ရွီးသားဖော်ပြထားပါရေ။