
APM ၊ မေ ၂၅ / ၂၀၂၃
Mocah ဆိုင်ကလုန်းမုန်တိုင်းဒဏ်ပြင်းပြင်းထန်ထန်ခံစားခရသည့် ရက္ခိုင်ဒေသအများစုတွင် သောက်ရီ၊ ဆီးဝါးနန့် စားနပ်ရိက္ခာအပါအဝင် အရေးပေါ်အကူအညီများ အပူတ ပြင်းလိုအပ်နီကြောင်း သိရသည်။
မေ ၁၄ ရက်နိက ဖြတ်သန်းဝင်ရောက်ခသည့် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း Mocha ကြောင့် ရက္ခိုင်ပြည် မြို့နယ် အများစုတွင် ထိခိုက်ပျက်စီးမှုများဟိခပြီး ယင်းအထဲ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များတွင် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်သည်။
အဆိုပါ အပျက်အစီးအများဆုံးဒေသများဟိ မုန်တိုင်းဒဏ်သင့်ပြည်သူများမှာ ကျန်းမာရီး၊ နီထိုင်စားသောက် ရီးအပါအဝင် အစစ အရာရာ အခက်အခဲများနန့် ရင်ဆိုင်နီကတ်ကြောင်း ဒေသခံများကပြောသည်။
ULA နန့် NGO၊ INGO အဖွဲ့အစည်းများ၊ တခြား ပြည်တွင်း/ပြည်ပ လူမှုကူညီရီးအဖွဲ့များက လာရောက် လှူဒါန်းမှုဟိကေ လေ့ လုံလောက်မှုမဟိသိမ့်ဟု ဆိုသည်။
ကုလသမဂ္ဂနန့် နိုင်ငံတကာ အကူအညီပီးရီး အဖွဲ့များ၏ အကူအညီပေးရီးလုပ်ငန်းများကလေ့ စစ်ကောင်စီ၏ တားဆီး ပိတ်ပင်မှုများကြောင့် နီရာအများစုမှာ စတင်နိုင်ခြင်းမဟိသိမ့်ဘဲ ယင်းနီရာများသို့ အရေးပေါ်အကူအညီ များရောက်ဟိနိုင်ရီး နီပြည်တော်နန့် ဆွေးနွေးနီရသည် သိရသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကလေ့ မြန်မာစစ်တပ်အနီနန့် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကို ရင်ဆိုင်ခရသည့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရီးလုပ်ငန်းများကို အတားအဆီးမဟိ ဆောင်ရွက်ခွင့်ပီးရန် မေ ၂၄ ရက်နိက ဂျီနီဗာတွင် ပြုလုပ်ကျင်းပခသည့် သတင်းစာယှင်းလင်းပွဲ၌ ပြောဆို တိုက်တွန်းထားသည်။
