
APM ၊ ဧပြီ ၂၅ / ၂၀၂၅
တောင်ကုတ်မြို့နယ်မာ ဧပြီ ၂၄ ရက်နိ၊ မိုးထက မပေါက်ကွဲဘဲကျန်နီခရေ ဗုံးသီးတလုံးကို ဆွဲနှုတ်ရာကနီ ပေါက်ကွဲမှုဖြစ်လို့ အမျိုးသားတယောက် သီဆုံးလားရေလို့ ဒေသခံတိက ပြောပါရေ။
သီဆုံးလားရေအမျိုးသားစွာ တောင်ကုတ်မြို့နယ်၊ စေတီကွင်းရွာက ဦးမောင်သိန်း(၄၅ နှစ်) ဖြစ်ပါရေ။
ဧပြီ၂၅ ရက်နိ၊ မိုးထ ၈ နာရီ ၄၅ အချိန်လောက်မာ ဦးမောင်သိန်းစွာ သားဖြစ်သူနန့်တတူ အယင် ဖက်ဆစ် စစ်ကောင်စီတပ် ယာယီ စခန်းချနီထိုင်ခရေ အောင်ဆိပ်တဲစုနားက လယ်ဂျိုင်တောင်မာ တောယှင်းနီရေခါ ကျောက်ကြားမာ ညှပ်ပနာ မပေါက်ကွဲဘဲ ကျန်နီခရေ ဗုံးသီးတလုံးကို ဆွဲနှုတ်ရာက ပေါက်ကွဲမှုဖြစ်ခရေလို့ မိသားစုဝင်တယောက်က Arakan Princess Media ကို ပြောပါရေ။
ယင်းဗုံးပေါက်ကွဲမှုကြောင့် ဦးမောင်သိန်း၏ ညာဖက် ဂေါင်းပွင့်ထွက်လားရေပိုင်၊ ညာဖက်လက်လည်း ပြတ်ထွက်လားပနာ နီရာမာပင် ဂွင်ချင်း သီဆုံးလားရေလို့ ဆိုပါရေ။
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရအနီနန့်လည်း အာရက္ခဒေသအတွင်းမိုင်းနန့်စစ်ကျန်လက်နက်အန္တရာယ်ပညာပီးဟောပြောပွဲတိ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပီးဆိုင်းဘုတ်တိ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပီး လက်ကမ်းစာစောင်ဖြန့်ဝီစွာတိ၊ မိုင်းယှင်းလင်းရီး လုပ်ငန်းတိကို အင်တိုက်အားတိုက် ဆက်တိုက်လုပ်ဆောင်လို့ ဟိနီပါရေ။
ပုံစာ – ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄ ရက်နိ မိုးထ ၈ နာရီ ၄၅ အချိန်ခန့်၌ မပေါက်ကွဲဘဲ ကျန်ခသည့် ဗုံးသီးတလုံးကို ဆွဲနှုတ်ရာ ပေါက်ကွဲမှုဖြစ်ပြီး သီဆုံးလားခရငည့် တောင်ကုတ်မြို့နယ်၊ စေတီကွင်းရွာမှ ဦးမောင်သိန်အား တွိရစဉ်(Arakan Princess Media)။
