
APM ၊ ဧပြီ ၂၅ / ၂၀၂၅
တအာင်းပြည်၊ နောင်ချိုမြို့နယ်မာ ဧပြီ ၂၄ ရက်နိ၊ ညဇာပိုင်းမာ ဖက်ဆစ် စစ်ကောင်စီက Y12 လီယာဉ်အသုံးပြုပြီးကေ ဗုံး ၂၇ လုံးနန့် အဆိပ်ငွိဗုံး ၈ လုံးလာရောက်ကြဲချတိုက်ခိုက်ခရေလို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ ” စစ်ကောင်စီတပ်သည် ဧပြီ ၂၄ ရက်နိ၊ ညဇာ ၆ နာရီ ၂၄ မိနစ်မှ ၆ နာရီ ၊ မိနစ် ၅၀ အချိန်ထိ တိုက်ပွဲဖြစ်ပွားခြင်းမဟိသော နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းရွာအနားတွင် Y12 ဖြင့် ဗုံး ၂၇ လုံးလာရောက်ကြဲချတိုက်ခိုက်ခပါသည်” လို့ ဖော်ပြထားပါရေ။
ယင်းအပြင် ယင်းနိ၊ ညဇာ ၇ နာရီ ၂၉ မိနစ်ကလည်း နောင်ချိုမြို့နယ်၊ အုမ္မတီးရွာနားမာ တိုက်ပွဲဖြစ်နီချိန် ဖက်ဆစ် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနန့် အဆိပ်ငွိဗုံး ၈ လုံးလာရောက်ကြဲချ တိုက်ခိုက်ခရေလို့ ဆိုပါရေ။
အလားတူ ကုန်ခရေ ဧပြီ ၂၁ ရက်နိကလည်း တောင်ခမ်းရွာဟိ (၉၀၂)တပ်စခန်းနားမာ တိုက်ပွဲဖြစ်နီချိန်အတွင်း ဖက်ဆစ် စစ်ကောင်စီက အဆိပ်ငွိဗုံး ၁၅ လုံးလာရောက်ကြဲချတိုက်ခိုက်ခပါသိမ့်ရေ။
ဖက်ဆစ် စစ်ကောင်စီစွာ အပစ်ရပ်သက်တမ်းကို ဧပြီလကုန်အထိ ထပ်မံတိုးထားကေလေ့ PSLF/TNLA အုပ်ချုပ်ရေ မြို့နယ်တိကို စစ်အင်အား ဖြည့်စွာ၊ ထိုးစစ်ဆင်စွာနန့် တိုက်ပွဲမဖြစ်တေနီရာတိကို လီကြောင်းနန့် ဗုံးကြဲတိုက်ခိုက်မှုတိပြုလုပ်လျက်ဟိကြောင်းလည်း ထုတ်ပြန်ချက်အရ သိဟိရပါရေ။
Photo – PSLF/TNLA

