
APM ၊ ဧပြီ ၂၅ / ၂၀၂၃
ရခိုင်ပြည်တွင် ဒေနှစ်အတွင်း ရက္ခိုင်တွင် သီဟိုဠ်စိများ ဈီးကောင်းရနီကေ့လေ့ အပွင့်ပွင့်ချိန် အပျက်အစီးများခ၍ အထွက်နှုန်းကျကာ အမြတ်အစွန်းနည်းပါကြောင်း သီဟိုဠ်ပင် စိုက်ပျိုးသူများထံမှ သိရသည်။
ကုန်ခသည့် ၂၀၂၂ ခုနှစ်က ရက္ခိုင်တွင် သီဟိုဠ်စိ တပိဿာကို ငွေကျပ် ၃၂၀၀ ၊ ၃၃၀၀ ခန့်ရာဟိခပြီး ဒေနှစ်မျာတော့ သီဟိုဠ်စိ တ ပိဿာလျှင် ၄၅၀၀၊ ၄၇ဝဝ အထိဈီးကောင်းရဟိနီခြင်းဖြစ်သည်။
ယင်းသို့ ဈီးကောင်းရနီကေလေ့ သီဟိုဠ်စိများ ဈီးကောင်းရနီကေလေ့ အပွင့်ပွင့်ချိန် မိုးရွာသွန်းမှု၊ နှင်းခါးကျမှုနန့် ပိုးမွှားများကြောင့် အပွင့်များ ပျက်စီးလား၍ အထွက်နှုန်းကျဆင်းကာ အမြတ်အစွန်း အလွန်နည်း ပါးကြောင်း သီဟိုဠ်ပင် စိုက်ပျိုးသူများ ပြောသည်။
ယင်းအပြင် ပြီးထသည့်နှစ်က သီဟိုဠ်စိုက်ခင်း ပိုင်သျှင်တယောက်လျှင် သီဟိုဠ်စိ ပိဿာချိန် ၂၀၀ မှ ၃၀၀ အထိ ရဟိပြီး ဒေနှစ်မှာတော့ ပိဿာ ၅၀၊ ၁၀၀ ခန့်ရာ ရဟိကာ အယင်နှစ်က အထွက်နှုန်း တဝက်ကျော်ကျဆင်း လားသည်ဟုဆိုသည်။
သီဟိုဠ်ပင်များသည် အပူပိုင်းဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသော အပင်များဖြစ်ပြီး ရက္ခိုင်တွင်တော့ အမ်း၊ ကျောက်ဖြူ ၊ ရမ်းဗြဲ၊ မင်းပြား၊ ဂွ၊ သံတွဲနန့် မြေပုံမြို့နယ်ရို့တွင် ပိုမိုလုပ်ကိုင်ကတ်ကြောင်း သိဟိရသည်။
