APM ၊ ဧပြီ ၂၅ / ၂၀၂၃
စစ်တွေမြို့မှ မနွယ်သန္တာဝင်းအသတ်ခံရမှုနန့် ပတ်သက်၍ သီဒဏ်ချမှတ်ခံထားရသည့် KKS&KMK ကုမ္ပဏီလီမီ တက်၏ မန်နေဂျာ ဦးမျိုးမြင့်ဇော်၏ အယူခံတင်ထားမှုကို လာမည့် မေ ၂ ရက်နိတွင် အာရက္ခပြည်သူ့အစိုးရ၏ ဗဟို တရားရုံး၌ နှစ်ဖက်ရှိနီများ လျှောက်လဲချက်ကြားနာမည်ဖြစ်ကြောင်း သိရသည်။
ဦးမျိုးမြင့်ဇော်သည် မနွယ်သန္တာဝင်းအလုပ်လုပ်ကိုနီသည့် စစ်တွေမြို့၊ Luminous လူသုံးကုန်ပစ္စည်း အရောင်း ဆိုင်၏ မန်နေဂျာဖြစ်ကာ မနွယ်သန္တာဝင်းအသတ် ခံရပြီးနောက်ပိုင်း အာရက္ခပြည်သူ့အစိုးရက ဖမ်းဆီးထိန်းသိမ်း လျက် ၅ လခန့် အကြာတရားရုံးလုပ်ထုံးများနန့်အညီစစ်ဆီးမှုများပြုလုပ်ပြီး ကုန်ခသည့် ဖေဖော်ဝါရီ ၃ ရက်နိတွင် အာရက္ခ ပြည်သူ့အစိုးရ ၏ဒေသအဆင့်တရား ရုံးမှ သီဒဏ်ချမှတ်ထားခြင်းဖြစ်သည်။
ဦးမျိုးမြင့်ဇော်ကို သီဒဏ်ချမှတ်ခြင်းအပေါ် ၎င်း၏ မိသားစုဝင်များမှ မကျေနပ်၍ အာရက္ခပြည်သူ့အစိုးရ၏ ဗဟိုတရား ရုံးသို့ အယူခံတင်သွင်းထားရာ လာမည့် မေ ၂ ရက်နိတွင် နှစ်ဖက်ရှိနီများ အပြန်အလှန်လျှောက်လဲ ချက်ကြားနာမည် ဖြစ်သည်။
မနွယ်သန္တာဝင်းသည် ၂၀၂၂ခုနှစ်၊ ဩဂတ်စ် ၁၅ ရက်နိ၊ ညဇာ ၆ နာရီဝန်းကျင်က သူမအလုပ်လုပ်နီသော Luminous/ Livguard ပလပ်စတစ်ပစ္စည်းနန့်လူသုံးကုန်အရောင်းအဝယ်ဆိုင်၏ စတိုခန်းအတွင်း၌ ဝမ်းခေါင်းတွင် ထိုးသွင်း ဒဏ်ရာများ၊ လိုင်ပင်းတွင် ညိုမဲဒဏ်ရာများဖြင့် သီဆုံးခသည်။