
APM ၊ ဧပြီ ၂၅ / ၂၀၂၃
စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ဟိ နှစ်ပေါင်း ၄၀ ကျော်ကြာ ရီစင်ကြီး ပြိုကျမည့်အရေးကို ရပ်ကွက်သူ/ ရပ်ကွက် သားများ အားလုံး စိုးရိမ်နီကတ်ရကြောင်း သိရသည်။
ရီစင်ဟောင်းကြီးမှာ အမြင့်ပေ ၆၀ ခန့်ဟိပြီး ကုန်ခသည့် ၁၉၈၁ ခုနှစ်က စတင်တည်ဆောက်ခခြင်းဖြစ်ကာ လက်ဟိတွင် နှစ်ပေါင်း ၄၂ နှစ်ခန့် ကြာမြင့်လာပြီးဖြစ်သည်။
ယင်းသို့ နှစ်ကာလကြာမြင့်လာ၍ ရီစင်ကြီး၏ အောက်ခံ ကွန်ကရစ်တိုင်များမှာ ဘိလပ်မြီများကွာကျကာ အထဲမှသံချောင် များကို အထင်းသား မြင်တွိနီရကြောင်း ရပ်ကွက်သူ/ရပ်ကွက်စားများကပြောသည်။
ယင်းအပြင် အသုံးမပြုဘဲထားသည်မှာလေ့ နှစ်ကာလ ကြာလာသည့်အတွက် ဆွီးမြည်းပျက်စီးလာကာ ညည့်ဖက်တွင် ပြိုကျပျက်စီးမည်ကို စိုးရိမ်နီရသည့်အပြင် နိခင်းထက်ပြိုကျလျှင်လေ့ ရီစင်ကြီးနားတွင် မူလတန်းကျောင်း ဟိနီ၍ အချေ များကို ထိခိုက်မည်ကို စိုးရိမ်ကတ်ရသည်ဟု ဆိုသည်။
ယင်းကြောင့် လက်ဟိအသုံးသည်လေ့မဟုတ်တော့သည့် အဆိုပါ ရီစင်းကြီးအား တာဝန်ဟိသူများအနီနန့် ပြည်သူများ အန္တရာယ် မဖြစ်စီရန် ကြိုတင် ဖြိုဖျက်ပီးစီလိုကြောင်း ရပ်ကွက်သူ/ရပ်ကွက်သားများက တောင်းဆို နီကတ်သည်။
