
APM ၊ ဧပြီ ၂၅ / ၂၀၂၃
သောက်သုံးရီမသန့်ယျှင်း ၍ ပုဏ္ဏားမြို့နယ်၊ ဗန်းဗွီးစစ်ဖီးယှောင်စခန်းတွင် အချေများ အရီပြားရောဂါ ဖြစ်ပွားနီ ကြောင်းသိရသည်။
အဆိုပါစခန်းမှ စစ်ဖီးယှောင်စခန်းဟိ သောက်သုံးရီကန်များမှ ကုန်ခသည် မာ့ချ်လက ရီလုံးဝခမ်းခြောက်လား၍ သောက်ရီကို ဘုတ္တော၊ချောင်းတူ၊ပြိုင်းတော စသည့်ကျေးရွာများက လာရောက်ခပ်ယူသောက်သုံးနီကတ်ရပြီး သုံးရီ ကိုတော့ ကျောက်တော်မြို့နယ် ယိုးချောင်းထဲက ချောင်းရီကိုရာ သုံးစွဲနီကတ်ရသည်။
ယင်းယိုးချောင်းထဲက ချောင်းရီမှာ သန့်ယှင်းမှုမဟိ၍ ကုန်ခသည့် တပတ် လောက်ကစကာ စစ်ဖီးယှောင်စခန်းဟိ အချေများမှာ ခန္ဓာကိုယ်၌ ယားနာများဖြစ်ပေါ်လာပြီး ယင်းမှတဆင့် တကိုယ်လုံးပျံ့နှံ့လားသည့်အပြင် တခြားအချေ များသို့လေ့ ကူးစပ်မှုများဖြစ်နီကြောင်း စစ်ဖီးယှောင်များ ကပြောသည်။
ယင်းအပြင် စခန်းဟိ သက်ကြီးရွယ်အိုးများမှာလေ့ ဝမ်းအောင့်၊ဝမ်းနာ၊ အော့အန်ခြင်းများဖြစ်နီကတ်ရပြီး တစတစ ကူးစပ်လာကတ်ကာ လူဦးရေများပြာလာ၍ ကျန်းမာရီးစောင့်ယှောက်ပီးရန် အရေးပေါ်လိုအပ်နီသည်ဟုဆိုသည်။
ဗန်းဗွီးစစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု ၂၂ စု၊ လူဦးရေ ၁၀၀ လောက်ဟိ၍ အများစုမှာ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သီဖျား၊အောင်မြကျော်၊ လင်းပုတ် စသည့်ကျေးရွာများက ဒေသခံရွာသားများဖြစ်ကာ ကုန်ခသည့် ၂၀၁၈/၂၀၁၉ တိုက်ပွဲကာလ ကပင် နီရပ်စွန့်ခွာ တိမ်းယှောင်လာကတ်ရသူများဖြစ်ကြောင်း သိဟိရသည်။

