
APM ၊ ဧပြီ ၂၅ / ၂၀၂၃
တိုက်ပွဲဖြစ်ပွားသည့် ဆူဒန်နိုင်ငံတွင် ဧပြီ ၂၅ ရက်နိမှစတင်ကာ ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရန် တိုက်ခိုက်နီကတ်သည့် နှစ်ဖက်ဂေါင်းဆောင်၂ ယောက် သဘောတူလိုက်သည်။
ပြီးခသည့် ၂ရက် အတွင်း အပြင်းအထန် ဆွေးနွေးညှိနှိုင်းမှုအပြီး ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ (SAF) နန့် ထောက်ပံ့ရီးခြီမြန် အရံတပ်ဖွဲ့ (RSF) ရို့သည် ဧပြီ ၂၄ ရက်နိ ညည့်သိုင်ခေါင်က စ၍ ၃ ရက် ကြာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရီးကို သဘော တူခကြောင်း အမေရိကန်နိုင်ငံ ခြားရီးဝန် ကြီး အန်ထိုနီ ဘလင်ကန်က ပြောသည်။
လက်ဟိအချိန်မှာ ယင်းတိုက်ပွဲကြောင့် ၄၂၇ ယောက်သီဆုံးထားပြီး ၃,၇၀၀ ကျော်ဒဏ်ရာရဟိထားကြောင်း ကုလသမဂ္ဂ အေဂျင်စီက ပြောကြားသည်။
ဆယ်ရက်ကြာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခသည့် ဆူဒန်နိုင်ငံ၌ ဆက် လက် နီထိုင်ရန် မဖြစ်နိုင်သည့်အတွက် ဆူဒန် ရောက်နိုင်ငံခြားသားများအား ၎င်းရို့၏သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ ပြန်ခေါ်နီကတ်ကြောင်းလေ့ သိရသည်။
Source – 3-day Sudan ceasefire announced by US Secretary of State
Photo – Reuters
