
APM ၊ ဧပြီ ၂၅ / ၂၀၂၃
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းဟိ အကြမ်းဖက်မှုနှိမ်နင်းရီးဌာန(CTD)တွင် ဧပြီ ၂၄ ရက်နိက အင်အားပြင်း ပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခရာ အနည်းဆုံး လူ ၁၇ ယောက် သီဆုံးခကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ပေါက်ကွဲမှုများမှာ အကြမ်းဖက်မှုနှိမ်နင်းရီးဌာန ခဲယမ်း မီးကျောက် သိုလှောင်ရုံ၌ ဖြစ်ပွားခပြီး သီဆုံးလူအများစုမှာ ရဲအရာဟိများ ဖြစ်သည်။
အဆောက်အဦထဲမှ ဖြတ်လားခသည့်အမျိုးသမီးနန့် သူ့သားချေ ၁ ယောက် အပါအဝင် အရပ်သား ၄ ယောက်သီ ဆုံးလားခသည်ဟု ဆိုသည်။
ယင်း ပေါက်ကွဲမှုကြောင့် CTDဌာန အဆောက်အဦမှာ လုံးဝပျက်စီးလားခပြီး လူ ၅၀ ကျော် ဒဏ်ရာ ရလားခသည်။
လုံခြုံရီးတပ်ဖွဲ့ဝင်များ နန့် ကယ်ဆယ်ရီး အဖွဲ့ဝင်များက အဆောက်အအုံ အပျက်အစီးများအောက်တွင် ပိတ်မိနီ သော လူများကို ကယ်ဆယ်နီပြီး ဒဏ်ရာရလူများကို နီးစပ်ရာဆီးရုံများသို့ ပို့ဆောင်ပီးတတ်သည်။
ဒဏ်ရာရဟိလူ အများအပြား ဆီးကုသမှု ခံယူပြီး တချို့မှာ စိုးရိမ်ရသည့် အခြေအနေမှာ ဟိနီကြောင်း ဆီးရုံအုပ်ချုပ်ရီး အဖွဲ့က ဆိုသည်။
ပေါက်ကွဲမှုသည် ၂၀၀၉ ခုနှစ် မတိုင်ခင်က အစ္စလာမ္မစ် စစ်သွီးကြွများထိန်းချုပ်ထားသည့် Swat ချိုင့်ဝှမ်း၌ ဖြစ် ပွားခခြင်း ဖြစ်သည်။
ပါကစ္စတန် တာလီဘန်အဖွဲ့ကတော့ အဆိုပါ ပေါက်ကွဲမှုများတွင် ပါဝင်ပတ်သက်မှုမဟိကြောင်း ထုတ်ဖော်ပြော ဆိုသည်။
အကြမ်းဖက်မှု နှိမ်နင်းရီးဌာန အကြီးအကဲ Sohail Khalid က ဒေဂုပေါက်ကွဲမှုကို အကြမ်းဖက် လုပ်ရပ်ဟု သူ မထင် ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
“ကျနော်ရို့မှာက လက်နက်အမြောက်အမြားဟိရေ စတိုးဆိုင်တခုပိုင်ဖြစ်နီရေ။ သတိလက်လွတ်ကြောင့် ပေါက်ကွဲ မှုတချို့ ဖြစ်နိုင်ရေ” ဟု သူက ဆိုသည်။
ပါကစ္စတန်ဝန်ကြီးချုပ် သျှာရစ်ဖ်ကတော့ ဒေဖြစ်ရပ်ကို ရှုံ့ချလိုက်ပြီး အသက်ဆုံးယှုံးမှုအတွက် ဝမ်းနည်းကြီကွဲ ကြောင်း ပြောဆိုကာ ဒဏ်ရာရလူများအတွက် အကောင်းဆုံးဆီးဝါးအကူအညီပီးဖို့ သက်ဆိုင်ရာအာဏာပိုင်များကို ညွှန်ကြားခသည်။
Ref; Pakistan: Explosions kill 17 in Swat Valley counter-terror office
Photo – BBC
