ရန်အောင်မြင်စခန်းက ရန်သူ့အလောင်းတိအပြင် တမန်းသားစခန်းကထွက်ဗြီးလာရေ ရန်သူ့အလောင်း ၂၀ ကျော် ကိုလည်း ရက္ခိုင့်တပ်တော် သိမ်းဆည်းရမိ
APM၊ မာ့ချ် ၂၅/၂၀၂၄
မောင်တောမြို့နယ်ဟိ အကြမ်းဖက်စစ်ကောင်စီ၏ “ရန်အောင်မြင်စခန်း”ကို မာ့ချ် ၂၃ ရက်နိမာ အပြီးသတ်သိမ်းပိုက်ရယူလိုက်ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ပါရေ။
ရက္ခိုင့်တပ်တော်၏ သတင်းထုတ်ပြန်ချက်အတွင်း “ကြိမ်ချောင်း စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နီစဉ်ကာလအတွင်း ကြိမ်ချောင်းအနောက်ဖက်ဟိ ရန်အောင်မြင် စခန်းအား ၂၀၂၄ ခုနှစ်၊ မာ့ချ် (၂၃) ရက်နိတွင် အပြီးသတ်သိမ်းပိုက်ရယူထားပြီးဖြစ်သည်။ ရန်သူ့အလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခသည်လို့ဖော်ပြထားပါရေ။
ရက္ခိုင်ပြည်၊ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်က ဝိုင်းရံပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နီခစွာ တစ်လနီးပါးခန့်ဟိခပြီး အဆိုပါကြိမ်ချောင်းစခန်းကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ရီးအတွက် ဒေရက်ပိုင်းကစလို့ ထိုးစစ်အယှိန်အဟုန်မြှင့်လျက်ဟိရေလို့ ဆိုပါရေ။
ထိုးစစ်အား အယှိန်မြှင့်ခရေ နှစ်ရက်တာကာလအတွင်း ကြိမ်ချောင်းစခန်းကို အတိုင်းအတာတခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်းသိရပါရေ။
အလားတူ မောင်တောမြို့၊ တမန်းသား စခန်းကိုလည်း ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ဟိပြီး ယင်းစခန်းက ထွက်ဗြီးနီရေ စစ်ကောင်စီတပ်ဖွဲ့ဝင်တိကို လိုက်လံယှင်းလင်းလျက်ဟိကြောင်း၊ ထွက်ဗြီးနီရေ ရန်သူတိကို ခြီမှုန်းနိုင်ခပြီးကေ ရန်သူ့အလောင်း (၂၀) ကျော်၊ လက်နက်ခဲယမ်းတိကို ထပ်မံသိမ်းဆည်းရမိခကြောင်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ။