(မာ့ချ် ၁၈ ရက်နိမှ ၂၄ ရက်နိအထိ)
၁။ ၁၈-၃-၂၀၂၄(တလင်းလာ)
(၁) မာ့ချ် ၁၈ ရက်နိ မိုးထစောစောက အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်တိုက်လီယာဉ်နန့် ဗုံးကြဲတိုက်ခိုက်လို့ မင်းပြားမြို့နယ်၊ သာဒါ (မူဆလင်) ရွာက ဒေသခံ ၉ ယောက်နန့် သာဒါရွာမာ စစ်ဖီးယှောင်နီရေ ဆင်ကြီးပြင် (မူဆလင်) ရွာက ပြည်သူ ၁၂ ယောက်ဂွင်ချင်းသီဆုံးလားပြီးကေ ၂၅ ယောက်ထက်မနည်း ဒဏ်ရာပြင်းပြင်း ထန်ထန် ရလားပါရေ။
(၂) စစ်ကောင်စီက ရွာလုံးကျွတ်မီးတိုက်ပြီးနောက် မီးမလောင်ဘဲကျန်ဟိခရေ စစ်တွေတောကန်ရွာက နီအိမ်တိကို စစ်ကောင်စီက ဖြိုဖျက်ပနာ ရောင်းစားခပါရေ။
၂။ ၁၉-၃-၂၀၂၄ (အင်္ဂါ)
(၁)သံတွဲမြို့နယ်မာ မာ့ချ် ၁၈ ရက်နိက အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ၎င်းဒေသဟိ ရပ်ကျေးအုပ်ချုပ်ရီးမှူးတိ စုပေါင်းပနာ ခရိုင်ထွေအုပ်ရုံးမာ နှုတ်ထွက်စာတင်လိုက်ကတ်ပါရေ။
(၂) ဂွမြို့နယ်၊ ကျိန္တလီမြို့မာ မာ့ချ် ၁၉ ရက်၊မိုးထ ၉ နာရီအချိန်လောက်က ဂွမြို့အခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ(၅၆၃) က တပ်ဖွဲ့ဝင်အင်အား ၃၀ လောက်ပါရေ ကားတစီးစွာ ကျိန္တလီမြို့၊ အမှတ်(၃) ရပ်ကွက်၊ သဖန်းကွင်းသို့ ရောက်လာပြီးကေ စစ်မှုမထမ်းချင်လို့ ယှောင်နီကတ်တေ အာရက္ခပြည်သူရို့၏ နီအိမ်တိကို ဝင်ရောက်မွှီနှောက်ရှာဖွီမှုတိ ပြုလုပ်ခပါရေ။
၃။ ၂၀-၃-၂၀၂၄ (ဗုဒ္ဓဟူး)
(၁) ဘူးသီးတောင်မြို့မာ မာ့ချ် ၁၈ ရက်နိ၊နိခင်း ၁၂ နာရီအချိန်လောက်က ဘူးသီးတောင်ဗျူဟာမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်၂၀နန့် စစ်ကောင်စီ၏အကြမ်းဖက်စစ်သင်တန်းဆင်းခါစ မူဆလင်အယောက်၄၀၊ စုစုပေါင်း အင်အား ၆၀ လောက်စွာ လက်နက်ခဲယမ်းအပြည့်အစုံတပ်ဆင်ပြီး စစ်ကား ၃ စီးနန့် အရပ်သားပြည်သူရို့၏ နီအိမ်တိကို ဝင်ရောက် ဖောက်ထွင်းမှုပြုလုပ်ခပါရေ။
(၂) မာ့ချ် ၂၀ ရက်နိ၊ နိခင်း ၁ နာရီလောက်က ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်၊ဂူတာမော်ပိုက်ဆိပ်ကိုမီးလောင်ရာမာ လူနီအိမ် (၆၀) ခန့် မီးလောင်ပျက်စီးလားခပါရေ။
၄။ ၂၁-၃-၂၀၂၄ (ဗုဒ္ဓဟူး)
(၁) မာ့ချ် ၂၁ ရက်နိ၊ မိုးထ ၈ နာရီကျော်လောက်က မြောက်ဦးမြို့နယ်၊အထက်လီညှင်းတောင်ရွာကို အကြမ်းဖက်စစ်ကောင်စီ လီကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ယောက်သီဆုံးလားပြီးကေ၊ ၇ ယောက် ထက်မနည်း ဒဏ်ရာရလားပါရေ။
(၂) မာ့ချ် ၂၁ ရက်နိက သံတွဲမြို့နယ်မာ အကြမ်းဖက် စစ်ကောင်စီအတွက် စစ်သားသစ်စုဆောင်းပီးနီရေ ဒါဝရွာက အကြမ်းဖက်စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရီးမှူး ဦးဝင်းရွှီ(၄၅ နှစ်)သတ်ဖြတ်ခံရပါရေ။
၅။ ၂၂-၃-၂၀၂၄ (ကြာသပတီး)
(၁) အကြမ်းဖက်စစ်ကောင်စီစွာ မြေပုံမြိုနယ်၊ ညောင်ကန်ရွာမာတိုက်ပွဲတစုံတရာဖြစ်ပွားစွာမဟိဘဲ မာ့ချ် ၂၂ ရက်နိ တရက်လုံး ရည်ရွယ်ချက်ဟိဟိ လီကြောင်းတိုက်ခိုက်မှုပြုလုပ်ခလို့ ညောင်ကန်ရွာ ဘုန်းတော်ကြီးကျောင်းက အသျှင်နာဂသေန( သက်တော် ၄၂ နှစ်) ၊ ကိုရင်ချေ (၁)ပါး၊ မောင်ကောင်းခန့်ကျော်( ၁၇ နှစ်)၊ မနှင်းယုရွှီ (၁၂ နှစ်)နန့် လူ ၁၀ ကျော်ဒဏ်ရာရလား ခကတ်ပါရေ။
(၂) မာ့ချ် ၂၃ ရက်နိ၊ နိခင်းက Grade-12 တက္ကသိုလ်ဝင် စာမိန်းပွဲဖြေပြီးလို့ နီရပ်ပြန်လာရေ ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်က မောင်မင်းထက်နိုင်၊ မနှင်းအိနွယ်၊ မယုဝါလှိုင်၊ မရဇိုင်းတိုက်နယ်၊ ရွှီညို မရွာက မောင်မျိုးမြင့်ဆွေ၊ မောင်ဇော်မျိုးနိုင်၊ မမိုးသက်နွယ်၊ ချောင်းကြီးဖျားရွာက မသူဇာယေ၊မခင်စုလှိင်နန့် ရွှီညိုမရွာကနီ ကညင်တော ရပ်ကွက် သို့ စစ်ဖီးယှောင်လာရေ ဦးခင်ကျော်သန်း၊ဒေါ်မရွှီဝါနန့် ဒေါ်သန်းမေရို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က မတရားဖမ်း ဆီးခပါရေ။
(၃) မြေပုံမြို့နယ်အတွင်း အရပ်သားပြည်သူရို့နီထိုင်ရာ ရပ်ရွာတိကို ရည်ရွယ်လျက် နိစဉ်ရက်ဆက် ယုတ်မာ ကောက်ကျစ်စွာ ဗုံးကြဲတိုက်ခိုက်နီရေ အကြမ်းဖက်စစ်ကောင်စီစွာ မာ့ချ် ၂၃ ရက်နိမာလည်း သရက်တောင်ရွာကို ဂျက်ဖိုက်တာတိနန့် ယမ်းကာ ပစ်ခတ်တိုက်ခိုက်ခလို့ သရက်တောင်ရွာမာ ပုဇွန်ကန်အငှားစောင့်နီရေ မင်းပြားမြို့နယ်၊ ခေါင်းလောင်းချောင်းရွာက ဦးစိုးမြအောင်နန့် သရက်တောင်ရွာက အသက် ၃၀ ကျော်အရွယ် လူတယောက်ထိခိုက် ဒဏ်ရာ ရဟိလားပါရေ။
၆။ ၂၃-၃-၂၀၂၄ (စနီ)
မာ့ချ် ၂၄ ရက်နိ၊ မိုးထစောစောမာ မင်းပြားမြို့နယ်၊ သေကံရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်တိုက်လီယာဉ်နန့် ဗုံးကြဲတိုက်ခိုက်ခလို အိမ် ၃ ဆောင်နန့် ဆန်စက်ရုံတရုံပျက်စီးလားခပါရေ။
၇။ ၂၄-၃-၂၀၂၄ (တလင်းဂနီ)
မာ့ချ် ၂၄ ရက်နိ မိုးထဖက်က မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးတိုက်နယ်ဆီးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်တိုက်လီယာဉ်နန့် ဗုံးကြဲတိုက်ခိုက်ခလို့ ကမ်းထောင်းကြီးဆီးရုံပျက်စီးခရပြီး၊ ဆီးဝန်ထမ်းတယောက်ဖြစ်တေ ဆီးအကူ ဒေါ်မဝါ (၄၀ နှစ်) ဒဏ်ရာပြင်းပြင်း ထန်ထန် ရဟိလားပါရေ။