APM ၊ မာ့ချ် ၂၅ / ၂၀၂၃
ဒေဂုအချိန်ထိ ပြည်ထောင်စုရွီးကောက်ပွဲကော်မသျှင် (UEC) ၌ နိုင်ငံရီးပါတီတည်ထောင်ခွင့်နန့် မှတ်ပုံတင်ခွင့်လာ ရောက် လျှောက်ထားသည့် ပါတီပေါင်း ၅၂ ပါတီအထိဟိလာကြောင်း ရွီးကောက်ပွဲကော်မသျှင်မှ သတင်းထုတ်ပြန်ထားသည်။
နိုင်ငံရီးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရလာရောက်လျှောက်ထားသောပါတီ ၄၄ ပါတီဟိပြီး၊ ဥပဒေပုဒ်မ ၃ အရလာရောက်လျှောက်ထားသောပါတီ ၈ ပါတီဖြစ်ကာ စုစုပေါင်းပါတီ ၅၂ ပါတီဖြစ်သည်။
အဆိုပါ ၅၂ ပါတီထဲမှ မြန်မာပြည်တဝန်းလုံးစည်းရုံးမည့်ပါတီ ၁၂ ပါတီနန့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုတည်း ၌ရာ စည်းရုံးမည့်ပါတီ ၄၀ ဟိကြောင်းသိရသည်။
၂၀၂၃ ခုနှစ်တွင် အသစ်ပြန်လည်ပြဋ္ဌာန်းလိုက်သော နိုင်ငံရီးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီဆက်လက်ထူထောင် လိုသည့် နိုင်ငံရီးပါတီများသည် ရက် ၆၀ အတွင်းပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ရာ လာမည့်မာ့ချ်လ ၂၈ ရက် နိကို မှတ်ပုံ တင်လျှောက်ထားခွင့်နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသည်။
Source – UEC
Photo – UEC