
APM ၊ မာ့ချ် ၂၅ / ၂၀၂၃
ဘရာဇီးအသင်း ယာယီနည်းပြ ရာမွန်မီနီဇီစ်သည် မန်ယူကွင်းလယ်ကဇတ်သမား ကက်စ်မဲရိုးကို ဘရာဇီးလက်ရွီးစင် အသင်းဂေါင်းဆောင်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။
ကုန်ခသည့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားအပြီးတွင် ဘရာဇီးအသင်းနည်းပြ တီတီ ရာထူးကနုတ်ထွက်ခပြီးနောက် လက်ဟိ တွင် ဘရာဇီးအသင်း၌ ယာယီနည်းပြအဖြစ် ရာမွန်မီနီဇီစ်က တာဝန်ယူထားရသည်။
ကက်စ်မဲရိုးက “ ဒေတာဝန်နန့် ပတ်သက်လို့ ကျနော့်ဖက်က အဆင့်သင့်ဖြစ်နီပါဗျာယ်။ ယင်းအတွက်လေ့ ကျနော် ကြိုတင် ပြင် ဆင်ထားပါရေ။ ဒေဂုပိုင်ယုံကြည်မှုနန့် တာဝန်ပီးအပ်လာရေအတွက်ကျေးဇူးတင်ပါရေ” ဟု ဘရာဇီးအသင်း သတင်းစာ ယှင်းလင်းပွဲတွင် ပြောကြားခသည်။
အသက် ၃၁ နှစ်အရွယ် ကက်စ်မဲရိုးသည် မန်ယူအသင်း၏ အဓိကကွင်းလယ်ကဇတ်သမားဖြစ်ပြီး ဒေဂုရာသီ ပရီးမီးယား လိဂ်တွင် အသင်းနန့်တတူ ၁၉ ပွဲကဇတ်ခရာ ၂ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု (၃ ) ကြိမ်ပြုလုပ်ထားသည်။
ကက်စ်မဲရိုးသည် နိုင်ငံတကာ ချစ်ကြည်ရီး ၂၀၂၄ ပွဲစဉ်အဖြစ် မာ့ခ်ျ ၂၆ ရက် မိုးထ စောစောတွင် မော်ရိုကိုအသင်းနန့် ကဇတ်ရ မည့်ပွဲ၌ ဘရာဇီးအသင်းဂေါင်း ဆောင် အဖြစ် ပါဝင်ရမည်ဖြစ်သည်။
Source – Casemiro named new captain of Brazil national team
Photo – Football 365
