
APM ၊ မာခ်ျ့ ၂၅ /၂၀၂၃
ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း၊ မြင့်ဂါကျေးရွာဟိ အထက မြင့်ဂါကျောင်းသား/ကျောင်းသူဟောင်းများ ၏ တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကို နက်ဖြန် မာ့ချ် ၂၆ ရက်(တ လင်းဂနီ)နိ၌ ကျင်းပမည်ဟု သိရသည်။
ဒေနိညဇာတွင် အထက မြင့်ဂါကျောင်း၌ တာဝန်ထမ်းဆောင်ခသည့် ရက္ခိုင်ပြည်နီရာအနှံ့မှ ဖိတ်ကြားထားသည့် ဆရာကြီး ဆရာမကြီးများနန့် ကျောင်းသား/သူဟောင်းများက မိတ်ဆုံစားပွဲပြုလုပ်မည်ဖြစ်ပြီး ကျောင်းသား/သူ ဟောင်း များက ရက္ခိုင့်ဂီတဖြင့်သီဆိုဖျော်ဖြေဧည့်ခံမည်ဟု ဆိုသည်။
အခမ်းအနားကို အထကမြင့်ဂါကျောင်းခန်းမ၌ မိုးထ၈နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အမ်း၊ တောင်ကုတ်၊ ဂွ ၊မြောက်ဦး၊ကျောက်တော် ၊မင်းပြားနန့် ပေါက်တောရို့မှ ဖိတ်ကြားထားသည့် အပူဇော်ခံ အသက် (၆၀)ပြည့်အငြိမ်းစား ဆရာကြီး၊ဆရာ မကြီး ၄၁ယောက်နန့် ကျောင်းသား/ကျောင်းသူဟောင်း ၂၀၀ကျော်ခန့် တက်ရောက်မည်ဟု သိရသည်။
အခမ်းအနား၌ ကျောင်းသား၊ကျောင်းသူဟောင်းများမှ အပူဇော်ခံ ဆရာကြီး၊ဆရာမကြီးများအား ဂီတအနုပညာဖြင့် ဂါရဝပြုဖျော်ဖြေပြီး ဆရာကြီး/ဆရာမကြီးတယောက်လျှင် ငွေကျပ် ၁ သိန်းခွဲစီဖြင့် ပူဇော်ကန်တော့ လားမည် ဖြစ် ကြောင်း သိရသည်။
အထက – မြင့်ဂါ ကျောင်းသား၊ကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ကန်တော့ပွဲကို ၂၀၂၁ ခုနှစ်မှစ၍ ကျင်းပလာ ခြင်းဖြစ်ပြီး၊ ဒေဂု ၂၀၂၃ ခုနှစ်ဆိုလျှင် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း အာစရိယ ပူဇော်ပွဲဖြစ် မြောက်ရီး ကော်မတီထံမှ သိရသည်။
