APM ၊ မာ့ချ် ၂၅ / ၂၀၂၃
လက်ဟိအိန္ဒိယအတိုက်အခံ ကွန်ကရက်ပါတီဂေါင်းဆောင် ရာဟူးလ်ဂန္ဓီကို ရွီးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။
ပြီးခသည့် မာ့ချ် ၂၃ ရက်နိက ရာဟူးလ်ဂန္ဓီအား အသရေဖျက်မှုနန့် အပြစ်ဟိကြောင်း ထင်ရှားသည်ဟုဆိုကာ အောက် လွှတ်တော်တရားရုံးတခုက ထောင်ဒဏ် ၂ နှစ် ချမှတ်ခပြီးနောက်လွှတ်တော်စည်းမျဉ်းအရ ယင်းသို့ ထောင်ဒဏ်ကျ ခံရသူကို ရွီးကောက်ပွဲဝင်ပြိုင်ရန် အရည်အချင်း မပြည့်မီသူအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ရာဟူးလ်ဂန္ဓီသည် ပြီးခသည့် ၂၀၁၉ ခုနှစ် အထွေထွေရွှီးကောက်ပွဲတွင် သူခိုးများကို မိုဒီဆိုသူနန့်ချိန်ထိုး ပြောဆိုခမှုနန့် ပတ်သက်၍ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီအပေါ် အသရေဖျက်သည်ဆိုကာ တရားရုံးမှ ၎င်းအား ထောင်ဒဏ်ချ မှတ်ခခြင်းဖြစ်သည်။
ရာဟူးလ်ဂန္ဓီကို လက်ဟိအာဏာရ BJP ပါတီ ဂေါင်းဆောင်တဉီးဖြစ်သည့် ပါနက်ရှ်မိုဒီက တရားလိုလုပ်၍ တရား စွဲဆိုခခြင်း ဖြစ်ကာ၊ အသေရေဖျက်မှု ပုဒ်မ ၅၀၀ အရ ထောင်ဒဏ် ၂ နှစ် ချမှတ်ခခြင်းဖြစ်သည်ဟု ပါနက်ရှ်မိုဒီ၏ တရားလွှတ်တော်ရှိနီ မစ္စတာကီတန်ရီရှမ်ဝလာက ပြောကြားထားသည်။
ရာဟုးလ်ဂန္ဓီသည် နေရူးဂန္ဓီ၏ နိုင်ငံရီးမျိုးဆက်ဖြစ်သလို လက်ဟိ ကွက်ဂရက်ပါတီဂေါင်းဆောင်ဖြစ်သည့်အတွက် တရား ရုံး အာမခံရဟိခပြီး တလဆိုင်းငံ့ပြီးမှ ထောင်ဒဏ်ကျခံရမည် ဖြစ်သည်။
လာမည့် ၂၀၂၄ အိန္ဒိယအထွေထွေရွီးကောက်ပွဲအတွက် လက်ဟိတွင် မိုဒီ၏ BJP ပါတီအနိုင်ရရန် ရီပန်းစားနီပြီး ထောင်ဒဏ် ချမှတ် ခံရသည့် အတိုက်အခံကွန်ဂရက်ပါတီဂေါင်းဆောင် ရာဟုးလ်ဂန္ဓီကတော့ အထက်တရားရုံးသို့ အယူခံဆက်တက် မည်ဟု ပြောဆိုထားသည်။
Source – Indias Rahul Gandhi found guilty of defamation, given two-year sentence
Photo – AP
