![](https://arakanprincess.media/wp-content/uploads/2023/03/photo_2023-03-25_10-34-34-1024x576.jpg)
APM ၊ မာ့ချ် ၂၅ / ၂၀၂၃
အဲဗာတန်အသင်းသည် ပြီးခသည့်ရာသီက ကလပ်အသုံးစရိတ်နန့်ပတ်သက်၍ ဘဏ္ဍာရီးမျှတသော (FFP) စည်းမျည်း ကိုချိုးဖောက်ခသည်ဟုဆိုကာ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ကတရားစွဲဆိုလိုက်ကြောင်းသိရသည်။
အဲဗာတန်သည် ပြီးခသည့် သုံးနှစ်အတွင်း ပေါင် ၃၇၁.၈ သန်းအယှုံးပေါ်ခပြီး စည်းမျဉ်းများကိုချိုးဖောက်ခသည်ဟု တန်း ဆင်းပြိုင်ဘက် လိဒ်ယူနိုက်တက်နန့် ဘန်လေအသင်းက ပရီးမီးယားလိဂ်အဖွဲ့ချုပ်သို့ တိုင်တန်းခခြင်း ဖြစ် သည်။
အဆိုပါတိုင်တန်းမှုကြောင်း ပရီးမီးယားလိဂ်ဘုတ်အဖွဲ့က ၁၀ လကြာ စုံစမ်းစစ်ဆီးခပြီးနောက် မာ့ချ် ၂၄ ရက်နိ ရက်စွဲဖြင့် အဲဗာတန်အသင်းကိုစွဲချက်တင်လိုက်ကာ အမှုကိုလွတ်လပ်သောသီးခြားကော်မသျှင်သို့ လွှဲပြောင်းပီး ထားကြောင်းသိဟိရသည်။
အဲဗာတန်အသင်းနီနန့်လေ့ “ဘဏ္ဍာရီးဆိုင်ရာချိုးဖောက်မှုနန့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏စွပ်စွဲချက်နန့်ပတ်သက်၍ စိတ်ပျက် မိပြီး အမှုအတွက် ကလပ်၏ ရပ်တည်ချက်ကို အခိုင်အမာ ကာကွယ်ဖို့ ပြင်ဆင်ထားသည်” ဟု ထုတ်ပြန်ခသည်။
ပရီးမီးယားလိဂ်၏စည်းမျဉ်းအရ ကလပ်အသင်းများသည် သုံးနှစ်အတွင်း အများဆုံးပေါင် ၁၀၅ သန်း ဆုံးယှုံး ခွင့်ပြုထားပြီး၊ကလပ်ရပ်တည်နိုင်ရီးအတွက် အဆိုပါသတ်မှတ်ချက်ထက်ကျော်လွန်ကာ စည်းမျဉ်းများကို ချိုး ဖောက်ခလျှင် ဒဏ်ငွေ သို့မဟုတ် ရမှတ်များနုတ်ယူခွင့်ခံရမည်ဟု သိဟိရသည်။
Source – Everton charged by Premier League for breaking Financial Fair Play rules
Photo – Getty
![](https://arakanprincess.media/wp-content/uploads/2023/03/photo_2023-03-25_10-34-34-1024x576.jpg)