
APM ၊ ဖေဖော်ဝါရီ ၂၅ / ၂၀၂၃
မလေးသျှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ဟိ မြန်မာသံရုံးက ယာယီရပ်နားထားသည့် နိုင်ငံကူးလက်မှတ်ထုတ်ပီးခြင်းကို လာမည့် မာ့ချ် ၁ ရက်နိမှစ၍ ပြန်လည်ထုတ်ပီးလားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နိတွင် အသိပီးထုတ်ပြန်ထားသည်။
ကွာလာလမ်ပူမြို့ဟိ မြန်မာသံရုံး၏ နိုင်ငံကူးလက်မှတ်ထုတ်ပီးသည့်စက်များနန့် ကွန်ပျူတာများအား ပြန်ပြင်ပြုလုပ်ပြီး
ဖြစ်သည့်အတွက် လာမည့် မာ့ချ် ၁ ရက်နိမှစ၍ နိုင်ငံကူးလက်မှတ်ထုတ်ပီးခြင်းကို ပြန်လည်ပြုလုပ်လားမည်ဟု ဆိုသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပီးရာတွင် ဖေဖော်ဝါရီ ၆ ရက်နိက ရက်ချိန်းတုံကင်နံပါတ်ယူထားသူများမှစ၍ နိရက်အစဉ်အလိုက် ထုတ်ပီးမည်ဖြစ်ပြီး၊ သတ်မှတ်ထားသည့် နိရက်များအတိုင်း မြန်မာသံရုံးသို့ တင်ပြရမည့်စာရွက်စာတမ်းများနန့်တတူ လူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဟု သိရသည်။
နိုင်ငံကူးလက်မှတ်ထုတ်ယူရာတွင် သတ်မှတ်ရက်ချိန်းအတိုင်း လာရောက်ထုတ်ယူသူများကို ဦးစားပီးလားမည်ဖြစ်ပြီး၊ ရက်ကျော်လွန်၍ လာရောက်ထုတ်ယူသူများနန့် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလနန့် မာ့ချ်လတွင် နီထိုင်ခွင့်ကုန်ဆုံးနီသူများအား မြန်မာသံရုံးမှ တရက်စာထုတ်ပီးသည့် နိုင်ငံကူးလက်မှတ်အရေအတွက်ကို မူတည်၍ သတ်မှတ်ဆောင်ရွက်ပီးလားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – မြန်မာသံရုံး၊ ကွာလမ်ပူမြို့

