APM ၊ ဖေဖော်ဝါရီ ၂၅ /၂၀၂၃
ရသေ့တောင်မြို့သို့ ကုန်စည်စီးဆင်းရာ တခုတည်းသောကုန်းလမ်းဖြစ်သည့် ရသေ့တောင်-ပုဏ္ဏားကျွန်းကာလမ်းကို မြန်မာ စစ်တပ် မှ ဆက်ပိတ်ထားဆဲဖြစ်ကြောင်း သိဟိရသည်။
ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို ကုန်ခသည့် ၂၀၂၂ ခုနှစ် ဂျုန် ၁၆ ရက်နိမှစ၍ မြန်မာစစ်တပ်က လမ်းတလျှောက် စစ်ဆီးရီးဂိတ်သုံးခုဖွင့်ကာ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားခပြီး လက်ဟိတွင် ၉ လကျော်ကြာမြင့် လာကေလေ့ ပြန်မဖွင့်သိမ့်ဘဲ ဆက်ပိတ်ထားဆဲဖြစ်ကြောင်းဒေသခံများကပြောသည်။
ယင်းလမ်းသည် ရသေ့တောင်မြို့သို့ ကုန်စည်စီးဆင်းရာ တခုတည်းသောကုန်းလမ်းဖြစ်သည့်အပြင်၊ ဒေသခံပြည်သူများလေ့ အဓိက အသုံးပြုလားလာနီကတ်ရသည့် မြို့ချင်းဆက် လမ်းတခုဖြစ်၍ အဂုကဲ့သို့ မြန်မာစစ်တပ်က လမ်းပိတ်ထားခြင်းကြောင့် ကုန်စည်ပို့ဆောင်ရီးနန့် လားလာရီးမှာ အခက်အခဲဖြစ်နီကတ်ရသည်။
အလားတူ ယင်းကားလမ်းကြားဟိကျေးရွာပေါင်း ၇၀ ခန့်မှ ဒေသခံ ပြည်သူများမှာလေ့ လမ်းပိတ်ထားသည့်အတွက် အရေးပေါ် ကျန်းမာရီးကိစ္စများ၌ အချိန်ကြန့်ကြာကာ အခက်အခဲ ဖြစ်နီကတ်ရသည်။
ယင်းအပြင် လမ်းပိတ်ထား၍ အဆိုပါလမ်း၌ ဗြီးဆွဲနီကတ်သည့် ကားသမားများမှာလေ့ ကားများရပ်နားထားရကာ စားဝတ်နီရီး အခက်ကြုံနီကတ်ရသည်။
ပြီးခသည့် နိုဗမ်ဘာ ၂၆ ရက်နိ၌ ရက္ခိုင့်တပ်တော် AA နန့် မြန်မာစစ်တပ်ရို့အ ကြား အပစ်ရပ်လိုက်ပြီးနောက် ရက္ခိုင်ပြည်၌ ဒေသတည်ငြိမ်အီးချမ်းနီသည့်အတွက် အဆိုပါ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို ပြန်ဖွင့်ပီးရန် ဒေသခံများ လိုလားနီကတ်ကြောင်း သိဟိရပါသည်။