APM ၊ ဒီဇမ်ဘာ ၂၅ / ၂၀၂၃
ရက္ခိုင်လူမျိုးရို့၏ သမိုင်းဝင်အမွီအနှစ်နန့် ရိုးရာယဉ်ကျေးမှုလက်ရာရို့ကို ရည်ရွယ်ချက်ဟိဟိနန့် ဖျက်ဆီးခရေ အကြမ်းဖက်စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် တုံ့ပြန်လုပ်ဆောင်လားဖို့လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဒေနိ(ဒီဇမ်ဘာ ၂၅ ရက်နိ) အသိပီးထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ “ရက္ခိုင်လူမျိုးများ၏ သမိုင်းဝင်အမွီအနှစ်များနန့် ရိုးရာယဉ်ကျေးမှုလက်ရာများကို ရည်ရွယ်ချက်ဟိဟိ ဖြင့် ဖျက်ဆီးခသော အကြမ်းဖက်စစ်ကောင်စီတပ်အား မိမိရို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA အနီနန့်လည်း လုပ်သင့်လုပ်ထိုက်သည်များကို ထိထိရောက်ရောက် တုံ့ပြန်လုပ်ဆောင်လားမည်ဖြစ်ကြောင်း ” ဖော်ပြထားပါရေ။
အာဏာသိမ်းစစ်ကောင်စီတပ်နန့် တိုင်းရင်းသားလူမျိုးတော်လှန်ရီးလက်နက်ကိုင်အဖွဲ့အစည်းရို့အကြားမာ နှစ်ဖက်တိုက်ပွဲ တိစွာ နိစဉ်နန့်အမျှဖြစ်ပွားလျက်ဟိကြောင်း၊ ၁၀၂၇ စစ်ဆင်ရီးစတင်ချိန်ကနီ ဒေနိအချိန်အထိ စစ်ရီး၊ နိုင်ငံရီး၊ သံတမန်ရီး ရို့အပြင် အဖက်ဖက်မာ ယှုံးနိမ့်လျက်ဟိရေ စစ်ကောင်စီစွာ ၎င်းရို့အရေးနိမ့်နီရေအချိန်တိုင်းမာ အပြစ်မဲ့ပြည်သူလူထုရို့ ဟိရာ ရပ်ရွာ၊ မြို့ကြီးတိသို့ လက်နက်ကြီး၊လက်နက်ချေတိနန့် တမင်တကာပစ်ခတ်တိုက်ခိုက်ခြင်း၊ ရီကြောင်း၊ လီကြောင်း က ဗုံးကြဲတိုက်ခိုက်ခြင်းရို့ကိုယုတ်မာစွာ ပြုလုပ်လိဟိကြောင်းနန့် ယင်းအပြင် ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ရှေးဟောင်း သမိုင်း ဝင်အမွီအနှစ်ရို့ကိုလည်း ရည်ရွယ်ချက်ဟိဟိနန့် ဖျက်ဆီးခြင်း၊ လက်နက်ကြီး၊ လက်နက်ချေတိနန့် ပစ်ခတ်ဖျက်ဆီး ခြင်းရို့ကိုလည်း ပြုလုပ်လိဟိကြောင်း ULA က ဆိုပါရေ။
ဒေဂုလည်း အကြမ်းဖက် စစ်ကောင်စီတပ်၏ စကခ (၉)လက်အောက် ခံ မြောက်ဦးအခြီစိုက်တပ်ရင်းတိဖြစ်ကတ်တေ ခမရ (၅၄၀)၊ ခမရ (၃၇၇)၊ ခမရ (၃၇၈) တပ်ရင်းတိနန့် အမှတ် (၃၁) ရဲတပ်ရင်းရို့က ရက္ခိုင်ပြည်၊မြောက်ဦးမြို့ဟိ ရှေးဟောင်း သုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်းရို့နန့် သာသနိကအဆောက်အအုံရို့ကို တမင်တကာ ရည် ရွယ်ချက်ဟိဟိနန့် ၂၀၂၃ ခုနှစ်၊ ဒီဇမ်ဘာ ၂၅ ရက်၊ မိုးထ (၅) နာရီခွဲအချိန်မာ ပစ်ခတ်တိုက်ခိုက်ခရေလို့ သိရပါရေ။
မြောက်ဦးယဉ်ကျေးမှုအမွီအနှစ်ဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွီအနှစ် စာရင်းဝင်နိုင်ရီးအတွက် ကြိုပမ်းဆောင်ရွက်နီမှုကို သိပါလျက် အဂုပိုင်ယုတ်မာညစ်ပတ်စွာနန့် တိုက်ခိုက်ခြင်းဖြစ်ပြီးကေ စစ်ကောင်စီ၏ ဒေနိတိုက်ခိုက်မှုဖြစ်စဉ်အတွင်း မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ထဲက ရက္ခိုင့်အမွီအနှစ်တိအဖြစ် သတ်မှတ်ထားတင်မက ကမ္ဘာ့ယဉ်ကျေး မှုအမွီ အနှစ်အဖြစ် တင်သွင်းထားရေ တန်ဖိုးဖြတ်မရရေ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွီအနှစ်တိ ပျက်စီးဆုံးယှုံးမှုတိဟိ ခရေပိုင် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းပါ လက်နက်ကြီးကျည်ထိမှန် ပျက်စီးခရရေလို့ ဆိုပါရေ။
လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခြင်း၊ လူမျိုးတမျိုး၏ ယဉ်ကျေး မှုအမွီအနှစ်ရို့ကို ရည်ရွယ်ချက်ဟိဟိနန့် ဖျက်ဆီး ခြင်း အစဟိရေ စစ်ရာဇဝတ်မှုမျိုးစုံရို့ကို အကြိမ်ကြိမ်ကျူးလွန်ထားပြီးဖြစ်တေအကြမ်း ဖက် စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် ရက္ခိုင်လူမျိုးရို့အနီနန့် ဇာခါလေ့သင့် မိပျောက်လို့ ရဖို့မဟုတ်ဆိုစွာကို ဖက်ဆစ်ဆန်ရေအကြမ်း ဖက် စစ်ကောင်စီကို သိစီအပ်ကြောင်းလည်း ULA ၏ ထုတ်ပြန်ချက်မာ ဖော်ပြထားပါရေ