
(ဒီဇမ်ဘာ ၁၈ ရက်နိက ဒီဇမ်ဘာ ၂၄ ရက်နိအထိ)
၁။ ၁၈-၁၂-၂၀၂၃ (တလင်းလာ)
(၁) ဒီဇမ်ဘာ ၁၈ ရက်နိက ရမ်းဗြဲမြို့ကို စစ်ကောင်စီကရည်ရွယ်ချက်ဟိဟိ ကြည်း၊ရီ၊ လီ ပတ်ဝိုက် တိုက်ခိုက်ခရာ ရမ်းဗြဲမြို့၊အမှတ်(၅) ရပ်ကွက်၊ လောင်းချောင်းရပ်က ဦးမောင်ဇိတ်(၄၆ နှစ်)သီဆုံးခပြီးကေ မအေးဝါချေ (၁၅ နှစ်)၊ မတိုးဝါချေ (၁၃နှစ်) နန့် ညောင်ပင်လှရွာက ဦးစိန်ရွှီဦး (၆၁ နှစ်) ရို့ဒဏ်ရာရဟိလားပနာ အိုးအိမ်အဆောက်အအုံတချို့ထိခိုက်ပျက်စီးခရပါရေ။
(၂) ဒီဇမ်ဘာ ၁၈ ရက်နိ၊ မိုးထပိုင်းက ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ အောင်စေတီရွာက ဦးမောင်သိန်းမြင့်(၄၅ နှစ်)၊ ဒေါ်မတင်ဝေ(၅၀ နှစ်)၊ ဒေါ်ခင်မြသန်း(၄၆ နှစ်)၊ ဒေါ်မကျော့စိန်(၆၀ နှစ်)၊ ဒေါ်ခင်အေးကြည်(၆၁ နှစ်) နန့် ကျောက် ဖြူမြို့၊ င/လပွိရပ်ကွက်(ရွာသစ်ကေစု)က ကိုဆန်းဝင်းလှိုင် (၁၈ နှစ်)၊ ဦးမောင်စိုးနိုင်(၃၀နှစ်) နန့် ဦးမောင်ဌေးကျော်(၄၀ နှစ်)ရို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးလားခပါရေ။
၂။၁၉-၁၂-၂၀၂၃(အင်္ဂါ)
(၁) ဒီဇမ်ဘာ ၁၈ ရက်နိ၊ ညဇာ ၈ နာရီခွဲလောက်က မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်က ဦးကျော်နိုင်ဦး(၃၉နှစ်)ကို စစ်ကောင်စီတပ်က ဖမ်းယူလားခပါရေ။
(၂) စစ်ကောင်စီစွာ နိုင်ငံရီးညစ်လုံးတိဖန်တီးခြင်းနန့်သတင်းတု၊ သတင်း မှားတိကိုရည်ရွယ်ချက်ဟိဟိဖြန့်ဝီပနာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ကို တိုက်ခိုက်လုပ်ဆောင်လာကြောင်း ULA က ဒီဇမ်ဘာ ၁၉ ရက်နိအသိပီးထုတ်ပြန်ပါရေ။
(၃) ကျောက်ဖြူဒေသအတွင်း ရီကြောင်းခရီးလားလာခွင့်ပိတ်ထားစွာကို စစ်ကောင်စီက ဒီဇမ်ဘာ ၁၉ ရက်နိကနီ ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီ ၁၉ ရက်ထိ နောက်ထပ် နှစ်လသက်တမ်းထပ်တိုးလိုက်ပါရေ။
(၄) ဒီဇမ်ဘာ ၁၉ ရက်နိ မိုးထစောစောက စစ်ကောင်စီတပ်လက်နက် ကြီးနန့် ပစ်ခတ်ခလို့ ပလက်ဝမြို့၊ မြို့မရပ်ကွက်က ဒေါ်မူမူရှိန်း (၃၆နှစ်)၊ ဦးသက်နိုင်ထွန်း(၃၉နှစ်) နန့် အသက် ၆၀ ဝန်းကျင်အမျိုးသမီးတယောက်ရို့ ဒဏ်ရာရလား ခပါရေ။
၃။ ၂၀-၁၂-၂၀၂၃ (ဗုဒ္ဓဟူး)
မြေပုံမြို့နယ်မာ ဒီဇမ်ဘာ ၁၉ ရက်နိ၊ နိခင်းက စစ်ကောင်စီတပ်ထောင်ထားရေ မိုင်းကို နင်းမိလို့ ဝက်ရူးရွာက ဦးစိုးမောင်( ၅၈ နှစ်)နန့် ဦးငညှန်(ခ)မောင်မြင့်သိန်း (၅၂ နှစ်) ရို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရ လားပါရေ။
၄။၂၁-၁၂-၂၀၂၃ (ကြာသပတီး)
(၁) ဒီဇမ်ဘာ ၂၁ ရက်နိ နိခင်း ၁ နာရီလောက်မာ ပေါက်တောမြို့ထက်ကအိမ်တချို့ကို စစ်ကောင်စီတပ်က မီးတိုက်ခပါရေ။
(၂) ဒီဇမ်ဘာ ၂၁ ရက်နိ ညဇာ ၆ နာရီလောက်မာ တောင်ကုတ်မြို့နယ်၊ခူးတိုက်နယ်၊တပျော့ရွာက ကိုဆန်းမင်းနိုင်(၁၇နှစ်)၊ ကို ညီနိုင်စိုး(၁၉ နှစ်) နန့် ဦးဝင်းရွှီ(၄၁နှစ်)ရို့ကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားပါရေ။
၅။ ၂၂-၁၂-၂၀၂၃ (သောကြာ)
(၁) ဒီဇမ်ဘာ ၂၁ ရက်နိ၊ ညဇာ ၅ နာရီလောက်က စစ်တွေသို့ ဈီးဝယ်လာရေ ဟွန်ဒါ ၃ စီးနန့် သမ္ဗာန် ၁ စီးရို့ကနီ ဦးအောင်ကျော်လှ (၃၀ နှစ်)၊ ကိုဖူတီယာ(၁၉ နှစ်)၊ ကိုမာမွတ်နူဘီ (၂၁ နှစ်)၊ ဦရန်သျှား(၃၀ နှစ်)၊ ကိုမောင်မောင် (၂၈ နှစ်)၊ ဦးဘိုစိန်သန်း(၄၆ နှစ်)၊ ဦးဆန်းယဉ်မောင် (၃၈ နှစ်)၊ ဦးမောင်သိန်းမြင့်(၃၁ နှစ်)၊ မချစ်မြတ်နွယ်(၂၅နှစ်)၊ မမိုးနွယ်ဆန်း(၂၁ နှစ်)၊ မမြတ်သူဇာ(၂၇နှစ်)ရို့ကို စစ်ကောင်စီနေဗီက ဖမ်းဆီးလားခပါရေ။
(၂) ဒီဇမ်ဘာ ၂၂ရက်နိ မိုးထက မောင်တောမြို့နယ်ဟိ ရပ်ရွာတိကို စစ်ကောင်စီတပ် စကခ (၁၅)၊ ခလရ(၂၆၃)၊ တောင် ခေါင်း ကြီးအထက်တာဝါတိုင်ကုန်း နန့် မောင်တောအခြီစိုက် စစ်ကောင်စီနယ်ခြားစောင့်တပ် နခခ(၂) ၊ နခခ(၅)ရို့ကနီ လက်နက်ကြီး၊ လက်နက်ချေတိနန့် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်ခပါရေ။
(၃) ဒီဇမ်ဘာ ၂၁ ရက်နိ၊ညဇာပိုင်းက သံတွဲမြို့နယ်၊ ကင်းမော်ရွာက အသက် ၄၀ ကျော်အရွယ် ဦးနာနီ ကို စစ်ကောင်စီတပ်က ဖမ်းဆီးလားခပါရေ။
၆။ ၂၃-၁၂-၂၀၂၃ (စနီ)
(၁) ဒီဇမ်ဘာ ၂၃ ရက်နိ မိုးထစောစောက မောင်တောမြို့နယ်၊မြို့သူကြီးအခြီစိုက်အကြမ်း ဖက်စစ်ကောင်စီ၏ နခခ(၅)တပ်ရင်းကနီ ညောင်ချောင်းအုပ်စု၊ ရွှိရင်အေးရွာကို ရည်ရွယ်ချက်ဟိဟိလက်နက် ကြီးနန့် ပစ်ခတ်ခလို အသက် ၅၀ အရွယ် ဒေါ်တင်တင်လှ ဒဏ်ရာရလားခပါရေ။
(၂) ဒီဇမ်ဘာ ၂၃ရက်နိ နိခင်း ၁ နာရီခွဲလောက်မာ ကျောက်တော်မြို့နယ်၊ ပြင်လှရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနန့်လာရောက်ဗုံးကြဲချနီလို့ ဒေါ်လှညွှန့်ရီ(၅၄နှစ်) ထိခိုက်ဒဏ်ရာရလားပနာ အိမ်တဆောင်လည်းပျက်စီးလားခပါရေ။
(၃) ဒီဇမ်ဘာ ၂၃ ရက်နိ ညဇာပိုင်းက စစ်တွေမြို့နယ်၊ တောကန်ရွာကို အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်က လူမဆန်စွာ ဓာတ်ဆီလောင်းမီးတိုက်ပြီးကေ ပြည်သူတိပိုင်ဆိုင်ရေ ဆန်စပါးတိကို ဓားပြတိုက် အကြမ်းဖက် လုယူလားခပါရေ။
(၄) ဒီဇမ်ဘာ ၂၃ ရက်နိ ညည့်မာ ဘူးသီတောင်မြို့၊ အမှတ် (၅) ရပ်ကွက်က ဦးဉာဏ်လင်း(၄၁နှစ်)ကို အကြမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တိ ဖမ်းယူလားခပါရေ။
(၅) ရက္ခိုင့်တပ်တော် AA က သိမ်းယူလားရေ စစ်ကောင်စီ၏ ထောက်ပို့ဘုတ်တစီးကို ပြန်မတောင်းပီးလို့ဟိကေ ရသေ့တောင်တမြို့လုံးကို လက်နက်ကြီးပစ်ဖို့၊ မီးတိုက်ပစ်ဖို့လို စစ်ကောင်စီက မြိုခံတိကို လိုက်လံ ခြိမ်းခြောက်နီပါရေ။
၇။ ၂၄-၁၂-၂၀၂၃ (တလင်းဂနီ)
(၁) ဒီဇမ်ဘာ ၂၄ ရက်နိ၊ နိခင်းသား ၁ နာရီခွဲလောက်မာ မြောက်ဦးအခြီစိုက်စစ်ကောင်စီတပ် ခမရ (၃၇၇) တပ်ရင်းက တပ်ဖွဲ့ဝင်တိစွာ မြောက်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ကုလားကန်တောင်ပိုင်းက ကိုဝေလင်းချေ (၂၅နှစ်)၊ဦးမောင်လဘု(၃၅နှစ်)၊ဦးအောင်တင်ရွှိ(၅၀နှစ်)၊တခြားနာမည်မသိလူ ၃ ယောက်နန့် ဗန္ဓုလရပ်ကွက်က ၃ ယောက်ရို့ကို လူသား ဒိုင်းကာအဖြစ် ဖမ်းယူလားခပါရေ။
(၂) ဒီဇမ်ဘာ ၂၄ ရက်နိ၊ မိုးထ ၄ နာရီခွဲလောက်က အကြမ်းဖက်စစ်ကောင်စီတပ် ရည်ရွယ်ချက်ဟိဟိပစ်လိုက်တေ လက်နက်ကြီးကျည်ကျလို့မြောက်မြို့နယ်၊ ရွာဟောင်းတောရွာက ဦးမောင်မောင်သိန်း(၄ဝ နှစ်)၊ ဦးပေါက်စချေ (၃၆ နှစ်) ၊ မောင်မျိုးထွန်းလင်း(၁၄ နှစ်) နန့် မဝတီလှိုင်(၁၉ နှစ်)ရို့ ပြင်းထန်ဒဏ်ရာရလားပြီးကေ ဆင်ချဆိပ်ရပ်ကွက်က ဦးလင်းဇော်ထွန်း(၂၉ နှစ်) သီဆုံးလားခပါရေ။
