APM၊ အောက်တိုဘာ ၂၅ / ၂၀၂၃
ရာမောင်မြစ်ရီတိုက်စားမှုနန့်အတူ မိုးပြင်းထန်စွာရွာသွန်းမှုတိကြောင့် မင်းပြားမြို့၊ ရပ်ကွက်တချို့မာ ကမ်းပါးပြိုကျစွာတိ ဆိုးဆိုးဝါးဝါးဖြစ်နီလို့ ကမ်းထိန်းနံရံတိ ပြုလုပ်ပီးဖို့ လိုအပ်နီကြောင်း သိရပါရေ။
ဒေနှစ် သြဂတ်စ်လ ပထမအပတ်ကစလို့ မိုးသည်းထန်စွာရွာသွန်းမှုနန့်အတူ မြစ်ရီကြီးလာလို့ မင်းပြားမြို့က ပြည်တော်လှရပ်ကွက်၊ မင်းဘာကြီးရပ်ကွက်၊ ရွှီပြည်စိုးရပ်ကွက်၊ မင်းပြားချောင်းဝနန့် ပြည်တော်အေးစရေ ရပ်ကွက်တိမာ မြစ်ရီတိုက်စားပနာ ကမ်းပါးတိ ပြိုကျခရပါရေ။
လက်ဟိမာလည်း မင်းပြားမြို့မာ မြစ်ရီတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုမာ နိစဥ်ရက်ဆက်ဖြစ်နီလို့ ကမ်းထိန်းနံရံတိပြုလုပ်ပီးဖို့ လိုအပ်နီကြောင်း မြို့ခံတိကပြောပါရေ။
“ကျနော်ရို့ဒေမင်းပြားမာ နှစ်တိုင်းလိုလို မိုးခါသားဆိုကေ ကမ်းပါးတိ တဝပြိုကျပါရေ။ အဂုလည်း ထိုရပ်ကွက်မာတကေ၊ ဒေရပ်ကွက်မာတကေစီ နိတိုင်းလိုလိုပြိုကျနီပါရေ” လို့ ဆိုပါရေ။
အဂုပိုင် မြစ်ရီတိုက်စားလို့ လက်ဟိမာ နီအိမ်တိပြိုကျပျက်စီးလားစွာမဟိသိမ့်ကေလေ့ ဒေအတိုင်းရာဆိုကေ မကြာခင်မာ နီအိမ်တိပါ ပါလားနိုင်ကြောင်းလည်း မြို့ခံတိက ဆက်ပြောပါရေ။
မင်းပြားမြို့တွင် နှစ်စဉ် မိုးရာသီရောက်တိုင်းကမ်းပါးပြိုကျစွာတိ ဖြစ်ပွားလိဟိကြောင်းသိရပါရေ။