
APM ၊ ဂျန်နဝါရီ ၂၅ / ၂၀၂၃
ဗြိတိန်-အီရန်စီးပွားရီးသမား ဖာဟတ်မိုရှီရီသည် လမ်းပတ်ကို နည်းပြရာထူးကနီ ထုတ်ပယ်ပြီး တရက်အကြာမှာ အဲဗာတန်အသင်းကို ရောင်းချမည်ဟု ပြောကြားလာသည်။
မိုချီရီသည် ကုန်ခသည့်နှစ်က အဲဗာတန်အသင်း၏ ရှယ်ယာ ၉၄ ရာခိုင်းနှုန်းအထိ တိုးမြှင့်ဝယ်ယူထားသော အသင်း၏ ချယ်ယာအများဆုံး ပိုင်သျှင်ဖြစ်သည်။
“အသင်း၏ ကွင်းတွင်းကွင်းပြင် ခြားနားမှုတိ အဆင်ပြေဖို့အတွက် ထိပ်တန်းရင်းနှီးမြှုပ်နှံသူတိကို ဖိတ်ခေါ် ထားပြီးကေ အသင်းကို အလုံးစုံ သို့မဟုတ် တစိတ်တပိုင်း ရောင်းချဖို့ လမ်းဖွင့်ထားရေ”လို့ မိုချီရီက ပြောသည်။
လက်ဟိတွင် မိုချီရီသည် အဲဗာတန်အသင်းကို ရောင်းချရာမှ အနည်းဆုံးပေါင်သန်း ၅၀၀ မျှော်လင့်ထားကြောင်း The Guardian သတင်းဌာနက ဖော်ပြထားသည်။
ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းသည် လက်ဟိဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အပြီး ရမှတ် ၁၅ မှတ်နန့် (အဆင့် ၁၉) တွင် ရပ်တည်နီသည်။
၂၀၂၁ ခုနှစ် Sunday Times Rich List ၏ ဖော်ပြချက်အရ မိုချီရီသည် ပေါင် ၁.၇ ဘီလီယံချမ်းသာကြွယ်ဝကာ လက်ဟိမှာ မိုနာကိုနိုင်ငံတွင် နီထိုင်နီကြောင်း သိဟိရသည်။
Source – Everton ‘put up for sale’ by Farhad Moshiri for £500m as Frank Lampard sacked
Photo – Mirror
