
APM ၊ ဂျန်နဝါရီ ၂၅ / ၂၀၂၃
ဂျန်နဝါရီ ၂၄ ရက်နိက ဂျပန်ပင်လယ်ပြင်တွင် ကုန်တင်သင်္ဘောတစီးနစ်မြုပ်မှု၌ မြန်မာပြည်သားအပါအဝင် သင်္ဘောသား ၈ ယောက် ပျောက်ဆုံးနီတုန်းဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ နာဂါဆာကီကမ်းရိုးတန်း၌ ညဇာက “Jintian” သင်္ဘောနစ်မြုပ်မှုတွင် လက်ဟိအချိန်အထိ သင်္ဘောသား ၁၄ ယောက်ကို ကယ်ဆယ်နိုင်ခပြီး၊ ၈ ယောက်မှာ ပျောက်ဆုံးနီကြောင်း ဂျပန်မီဒီယာများမှ ဖော်ပြသည်။
အဆိုပါသင်္ဘောတွင် တရုတ်နိုင်ငံမှ သင်္ဘောသား ၁၄ ယောက်နန့် မြန်မာပြည်မှ သင်္ဘောသား ၈ ယောက် လိုက်ပါ လားသည်ဟု ဂျပန် အာဏာပိုင်များက ပြောကြားထားသည်။
Source – Eight missing after ship sinks between Japan, S. Korea
Photo – AP

Please follow and like us: