
APM ၊ ဂျန်နဝါရီ ၂၅ / ၂၀၂၃
မြန်မာ စစ်ဗိုလ်ချုပ်များကို စစ်ရာဇဝတ်ကျူးလွန်မှုဖြင့် ၎င်းရို့အဖွဲ့မှ ဂျာမနီနိုင်ငံ၊ ပြည်ထောင်စု ရှိနီချုပ်ရုံးတွင် တရားစွဲဆိုလိုက်ကြောင်း Fortify Rights အဖွဲ့က ဂျန်နဝါရီ ၂၄ ရက် နိ၌ သတင်းထုတ်ပြန်သည်။
အဆိုပါတရားစွဲဆိုမှုတွင် မြန်မာနိုင်ငံမှ တက်ကြွလှုပ်ယှားသူများနန့် ညှဥ်းပမ်းနှိပ်စက်ခံရသူ စုစုပေါင်း ၁၆ ယောက် ပါဝင်ကြောင်း သိရသည်။
စစ်ရာဇဝတ်ကျုးလွန်ထားမှုနန့်ပတ်သက်၍ မြန်မာစစ်ဂေါင်းဆောင်များမှ တာဝန်ခံမှုမဟိ၍ ယင်းကဲ့သို့ တရားစွဲဆို ရခြင်းဖြစ်ကြောင်း Fortify Rights ၏ အမှုဆောင်အရာဟိချုပ် Matthew Smith က ပြောသည်။
ဂျာမနီနိုင်ငံ ပြည်ထောင်စုရှိနီချုပ်ရုံး ပြောခွင့်ရ Ines Peterson က ဥပဒေကြောင်းအရ တိုင်ကြားချက်ကို လက်ခံရဟိကြောင်း အတည်ပြု ပြောဆိုသည်။
တရားစွဲဆိုမှု၌ မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနန့် စစ်ရာဇဝတ်မှု မြောက်သည့် စနစ်တကျစီစဥ် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှဥ်းပမ်းနှိပ်စက်မှု၊ ထောင်သွင်းအကျဥ်း ချမှု၊ အစဖျောက်ပစ်မှု၊ နှိပ်ကွပ်မှုများ ပါဝင်ကြောင်း သိရသည်။
ဂျာမနီတွင် တရားစွဲဆိုရခြင်းမှာ ယင်းနိုင်ငံ၌ နိုင်ငံတကာဆိုင်ရာ တရားစီရင်ပိုင်ခွင့်မူဝါဒကို အသိအမှတ်ပြု ကျင့်သုံး ခြင်းကြောင့် ဖြစ်သည်ဟု Fortify Rights ၏ အမှုဆောင်အရာဟိချုပ် Matthew Smith က ပြောဆိုထားသည်။
Source – Rights group files suit in Germany against Myanmar military
Photo – AP
