APM ၊ ဂျန်နဝါရီ ၂၅ / ၂၀၂၃
မြန်မာစစ်တပ်ဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)စသည့် ပုဒ်မ ၂ ခုနန့် တရားစွဲခံထားရသည့် မြောက်ဦးဒေသခံ ၃ ယောက်အမှုကို ဂျန်နဝါရီ ၂၄ ရက်နိတွင် ရုံးထုတ်ပြီး ခံပြသက်သီများကို စတင်စစ်ဆီးခကြောင်း သိရသည်။
အဆိုပါ ပုဒ်မ ၂ ခုနန့် တရားစွဲခံထားရသူများမှာ မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်နန့် တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့ ဖြစ်ကတ်သည်။
သူရို့ ၃ ယောက်ကို ဂျန်နဝါရီ ၂၄ ရက်နိက မြောက်ဦးမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆီးခပြီး၊ လာမည့် ဖေဖော်ဝါရီ ၇ ရက်နိသို့ ထပ်မံရုံးချိန်းလိုက်ကြောင်း မိသားစုဝင် များကပြောသည်။
ဦးကျော်ဝင်းလှိုင်၊ ဦးကိုကိုညွန့်နန့် ဦးပြည့်စုံဝင်းရို့ကို ကုန်ခသည့် ၂၀၂၂ ခုနှစ် ဂျုန် ၂၂ ရက်နိတွင် မြန်မာစစ်တပ်မှ ဖမ်းယူလားခသည်။
ယင်းနောက် သူရို့ ၃ ယောက်ကို စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်မင်းက တရားလိုလုပ်ကာ မြောက်ဦးမြို့နယ် တရားရုံး၌ ပုဒ်မ ၅၀၅(က)၊ ၁၇ (၁)ရို့နန့်တရားစွဲဆိုထားခြင်း ဖြစ်သည်။