
APM၊ နိုဗမ်ဘာ ၂၄/၂၀၂၂
စစ်ကောင်စီတပ်ဖမ်းဆီးထားသည့် သံတွဲမြို့နယ်မှ ရက္ခိုင်တေးရွီးဆရာတဦးဖြစ်သူ ဦးစန်းကိုအား ဒေနိ(နိုဗမ်ဘာ ၂၄ ရက်နိ) တွင်သံတွဲမြို့ နယ် တရားရုံး၌ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်ခကြောင်း သိရသည်။
ဦးစန်းကိုသည် သံတွဲမြို့နယ် ဆပ်လိုင်မျှော်ရွာတွင်နီထိုင်သူဖြစ်ပြီး၊ ကုန်ခသည့်အောက်တိုဘာ ၂၃ ရက်နိ၌ င/ပလီအခြီစိုက် စစ်ကောင်စီတပ် ခလရ (၅၅)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်က သူနီထိုင်ရာဆပ်လိုင်မျှော်ရွာဟိ နီအိမ်အတွင်းသို ဝရုန်းသုန်းကား ဝင်ရောက်ဖမ်းဆီးခသည်။
ယင်းနောက် သူ့ကို ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သည်ဟု အတင်း အဓမ္မ မတရားလုပ်ကြံစွပ်စွဲကာ ပုဒ်မ ၁၇(၁) ဖြင့် ခလရ (၅၅) တပ်ရင်းမှ ဗိုလ်ကြီးရဲလင်းထွန်းတရားလိုလုပ်၍ သံတွဲမြိုနယ်တရားရုံး၌ အမှုဖွင့်တရားစွဲဆိုခသည်။
ဦးစန်းကိုမှာ ရက္ခိုင်တေးခြင်းများကို ရွီးစပ်နီသူ တေးရွီးဆရာတဦးဖြစ်သည့်အပြင် ဂျိတ္တော၌ ရခိုင့်အားမာန်နာမည်ဖြင့် ကားဂိတ်လုပ်ငန်းလုပ်ကိုင်နီသူဖြစ်ပြီး ဦးစန်းကိုအား မတရားဖမ်းဆီးပြီးနောက် ပိုင်းတွင် စစ်ကောင်စီသည် ယင်း ရခိုင့်အားမာန်ကားဂိတ်ကိုပါဥပဒေမဲ့ပိတ်ခိုင်းထားကြောင်း သိရသည်။
