APM၊ နိုဗမ်ဘာ ၂၄/၂၀၂၂
စစ်တွေမြို့တွင် နိုဗမ်ဘာ ၂၃ ရက်နိက စစ်ကောင်စီနန့် ALP တပ်ဖွဲ့ဝင်များ ပူးပေါင်းလျက် အပြစ်မဲ့ပြည်သူ ၁ ယောက်ကို ဖမ်းလား ခသည်။
အဖမ်းခံရသူမှာ စစ်တွေမြို့၊ ကသည်း အကွက်(၁) မှ ဦးအောင်တင်မောင်(၅၃နှစ်) ဖြစ်သည်။
ဦးအောင်တင်မောင်ကို နိုဗမ်ဘာ ၂၃ ရက်နိ ညည့် ၁၁ နာရီအချိန်၌ စစ်ကောင်စီတပ်၊ ရဲ နန့် ALP ပူးပေါင်းအင်အား ၃၀ ခန့်က စစ်ကား ၅ စီးဖြင့် လာရောက်ပြီး နီအိမ်အတွင်းသို့ ဝင်ဖမ်းလားခသည်။
စစ်တွေမြို့တွင် ကုန်ခသည့် ဩဂတ်စ်လ အစောပိုင်းမှစ၍ ALP တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီနန့်ပူး ပေါင်းကာ အပြစ်မဲ့အရပ် သားပြည်သူများအား ပစ်ခတ်သတ်ဖြတ်မှု၊ ဖမ်းဆီး ရိုက်နှက် နှိပ်စက် အနိုင် ကျင့်မှုများ၊ လက်နက်အား ကိုးဖြင့် အာဏာ ပြခြိမ်းခြောက်ငွေညှစ်မှုများ ဆက် တိုက်ပြုလုပ် လျက်ဟိကြောင်းသိရသည်။
Please follow and like us: