APM၊ နိုဗမ်ဘာ ၂၄/၂၀၂၂
“မင်းပြား- မြေပုံ-ပေါက်တော” လမ်းသုံးခွဆုံတွင် စစ်ကောင်စီတပ်က ဖမ်းယူလားခသည့် မြေပုံမြို့နယ်မှ အပြစ်မဲ့ပြည်သူ ၃ ယောက်အား နိုဗမ်ဘာ ၂၃ ရက်နိ ညည့် ၁၂ နာရီအချိန်၌ ပြန်လွှတ်ပီးလိုက်ကြောင်း သိရသည်။
ပြန်လွတ်လာသူများမှာ မြေပုံမြို့နယ်၊ ဝက်ဂေါင်းရွာမှ ကိုအောင်စိုးဝင်း (၂၆ နှစ်)၊ ကိုမောင်သန်းညွန့် (၂၉နှစ်) နန့် ဦးအောင်ဝေသိန်း (၃၅နှစ်) ရို့ဖြစ်ကတ်သည်။
သူရို့ကို ကုန်ခသည့် နိုဗမ်ဘာ ၁၈ ရက်နိက “မင်းပြား-မြေပုံ-ပေါက်တော” လမ်းခွဆုံ၌ စစ်ဆီးရီးလုပ်နီသည့် မင်းပြားအခြီစိုက် စစ်ကောင်စီတပ် ခမရ( ၅၄၁)၊ ခမရ(၃၇၉)၊ ခမရ(၃၈၀)တပ်ရင်းများမှ ပူးပေါင်းအင်အား ၄၀ ခန့်မှ မတရားဖမ်းဆီးလားခခြင်းဖြစ်သည်။
ယင်းနောက် ကိုအောင်စိုးဝင်း၊ ကိုမောင်သန်းညွန့်နန့် ဦးအောင်ဝေသိန်းရို့ကို မင်းပြား တောင်မော်ဦးတောင်ထက်သို့ ခေါ်ဆောင်ကာ ၆ ရက်ကြာ လူမဆန်စွာ ရိုက်နှက်စစ်ဆီးမှုများပြုလုပ်ပြီးနောက် နိုဗမ်ဘာ ၂၃ ရက်နိတွင် ပြန်လွှတ်ပီးလိုက်သည်။
ယင်းသို့ ရိုက်နှက်နှိပ်စက်မှုများကြောင့် ကိုအောင်စိုးဝင်းမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရလားခပြီး အရေးပေါ် ဆီးကုသနီရကြောင်းလေ့သိရသည်။