
APM၊ အောက်တိုဘာ ၂၄/၂၀၂၂
ကချင်ပြည်၊ဖားကန့်မြို့နယ်၊အနန့်ပါတွင်စစ်ကောင် စီ၏ ဂျက်တိုက်လီယာဉ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခသောကြောင့် အသက်ဆုံးယှုံးခကတ်ရသည့် အပြစ်မဲ့ပြည်သူလူထုများ၊ အနုပညာသျှင်များ၊ စီးပွားရီးလုပ်ငန်းသျှင်များအပါအဝင် KIO/KIA စစ်ဖက်၊ အရပ်ဖက်ဝန်ထမ်းများ အတွက် MNTJP/MNDAA၊ PSLF/TNLA နန့် ULA/AA ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ဒေနိ(အောက်တိုဘာ ၂၄ ရက်နိ)တွင် ဝမ်းနည်း ကြောင်းသဝဏ်လွှာပီးပို့လိုက်သည်။
ယင်းသဝဏ်လွှာတွင် “၂၀၂၂ ခုနှစ်၊ အောက်တိုဘာ လ(၂၃) ရက်၊ ညည့် (၈) နာရီ (၄၀) မိနစ်ဝန်းကျင် အချိန်၌ ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ အနန့်ပါတွင် စစ်ကောင်စီ၏ ဂျက်တိုက်လီယာဉ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခသောကြောင့် KIO နိ အထိမ်းအမှတ်ပြုလုပ်နီကတ်သော အပြစ်မဲ့အရပ် သားပြည်သူလူထုများ၊ အနုပညာသျှင်များ၊ စီးပွားရီးလုပ်ငန်းသျှင်များအပါအဝင် မိမိရို့၏ မဟာမိတ် KIO/KIA မှ စစ်ဖက်၊ အရပ်ဖက် ဝန်ထမ်းအချို့အသက် ဆုံးယှုံးရမှုအပေါ် မိမိရို့ညီနောင်မဟာမိတ် (၃) ဖွဲ့အနီဖြင့် များစွာဝမ်းနည်းကြွီကွဲရပါ သည်” ဟု ဖော်ပြထားသည်။
စစ်ကောင်စီ၏ အပြစ်မဲ့ပြည်သူလူထုအပေါ်ကျူး လွန်ထားသော စစ်ရာဇဝတ်မှုများအတွက် ထိုက်သင့်သောပြစ်ဒဏ်ပီးရီးနန့် ကျူးလွန်ခံရသူများဖက်မှလေ့ တရားမျှတမှုကိုရဟိရန် မျှော်လင့်ပါကြောင်းလေ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က ဆိုသည်။
ယင်းအပြင် “စစ်ကောင်စီသည် သူရို့၏ စစ်ရီး၊ နိုင်ငံရီး အခြေအနေမှာ လက်ဟိအချိန်၌ ပိုမိုဆိုးဝါးလာသည်နန့်အမျှ စိတ်ဓာတ်ကျဆင်းပြီး စိတ်ကစဉ့်က လျားဖြစ်ကာ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူ လူထုအား ဦးတည်တိုက်ခိုက်လာခြင်းကို မြန်မာပြည် အနှံ့ နိစဉ်ရက်ဆက်ပြုလုပ်လျက်ဟိသည်။ စစ်သားမပီသဘဲ သူရဲဘောကြောင်စွာဂျက်တိုက်လီယာဉ်များဖြင့် ညည့်အချိန်များတွင် အလစ်အငိုက်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခြင်းများကို အဓိကထားပြုလုပ်နီပြီး စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းနန့် လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခြင်းများကို အထင်အရှား တွိမြင်နီရပါသည်” ဟုလေ့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။
ဤကဲ့သို့သော စစ်ကောင်စီ၏လုပ်ရပ်များမှာ တရက် ထက်တရက် ပိုပြီးဆိုးဝါးလာနီသောကြောင့် မြန်မာပြည်သူတရပ်လုံးအနီဖြင့် အထူးသတိထားစောင့်ကြည့်ရန်လိုအပ်သည့်အပြင် နိုင်ငံတကာကလေ့ အထူးသတိထားစောင့် ကြည့်ပြီး အရေးယူဆောင်ရွက်သင့် သည်များကို အယင်ဆုံးအရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းရင်းသား လူမျိုး လက်နက်ကိုင်တော်လှန်ရီးအဖွဲ့ အစည်းများ အနီနန့်လေ့ အကြမ်းဖက်စစ်ကောင်စီ၏ မီးစတဖက် ရီမှုတ်တဖက် လှည့်ကွက်များကြားတွင် သွီးအီးမနီဘဲ အထူးသတိထားရမည့် အချိန်ဖြစ်သည်နန့်အညီ စည်းလုံးညီညွတ်စွာဖြင့် လုပ်သင့်လုပ်ထိုက်သည့်အ လုပ်ကိုပြတ်ပြတ်သားသားတက်လှမ်းလုပ်ဆောင် ရမည့်အချိန်ကာလဖြစ်ကြောင်းညီနောင်မဟာမိတ်(၃) ဖွဲ့မှ ပီးပို့သော ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်ကို တွိဟိရပါသည်။
အောက်တိုဘာ ၂၃ ရက်နိ၊ ညည့် (၈) နာရီ (၄၀) မိနစ်ခန့်တွင် ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ အနန့်ပါ၌ စစ်ကောင်စီ၏ ဂျက်တိုက်လီယာဉ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခသောကြောင့်KIO/KIAမှစစ်ဖက်၊ အရပ်ဖက်ဝန်ထမ်းအချို့၊အနုပညာသျှင်များ၊စီးပွားရီးလုပ်ငန်းသျှင်များအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၆၀ခန့် အသက်ဆုံးယှုံးခရပြီး အများအပြား ဒဏ်ရာရလားခရသည်ဟု ဒေသတွင်းသတင်းများက ဖော်ပြသည်။
