
APM၊ အောက်တိုဘာ ၂၄/၂၀၂၂
စစ်တွေတွင် ပျောက်ဆုံးနီသည့် ၁၀ နှစ်အရွယ် ၄ တန်းကျောင်းသား ၃ ယောက်ထဲမှ ရှာဖွီတွိဟိထားသည့် ၂ ယောက်၏ ရုပ်အလောင်း ၂ လောင်းကို ဒေနိ(အောက်တိုဘာ ၂၄ ရက်နိ)ညဇာ ၅ နာရီကျော်ခန့်တွင် သင်္ဂြိုလ်ပြီးစီးကြောင်း သိရသည်။
ပျောက်ဆုံးနီခသည့် ကျောင်းသား ၃ ယောက်မှာ စစ်တွေမြို့၊ ဘုမေစစ်တွေတက္ကသိုလ် လေးထပ်ဆောင်မှ မောင်ဇွဲဘုန်းခန့် ၊ပြည်တော်သာရပ်ကွက်မှ မောင် ဟိန်းထက်ဝင်းနိုင်နန့် မောင်အောင်လင်းသူရို့ဖြစ်ပြီး အောက်တိုဘာ ၂၂ ရက်နိတွင်ကဇတ်ရန် အတွက် စက်ဘီးတစီးနန့် အိမ်မှထွက်လားပြီးနောက် ပျောက် ဆုံးလားခကတ်ခြင်းဖြစ်သည်။
ယင်းကျောင်းသားချေ ၃ ယောက်ထဲမှ မောင်ဇွဲဘုန်းခန့်၏ရုပ်အလောင်းကို ဒေနိမိုးထ ၁၀ နာရီခွဲတွင် ကျေး တောရွာမမြစ်ကမ်းစပ်မှ ရှာဖွီတွိဟိခရပြီး၊ မောင်ဟိန်းထက်ဝင်းနိုင်ကိုတော့ စစ်တွေမြို့နယ်၊ ရွှေမင်းဂံဆိပ်ကမ်းတွင် နိခင်း ၁၂နာရီခန့်က အသီး သီးရှာဖွီတွိဟိခခြင်းဖြစ်သည်။
ယင်းရုပ်အလောင်း ၂ လောင်းအား စစ်တွေဆီးရုံကြီး၌ စစ်ဆီးမှုများပြုလုပ်ခပြီးနောက် ညဇာ ၅ နာရီကျော်ခန့်တွင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
ကျန်နီသိမ့်သော မောင်အောင်လင်းသူကိုတော့ လူမူကူညီရီးအသင်းများနန့် ဒေသခံများမှ ဆက်လက်ရှာဖွီနီကြောင်း သိရသည်။
