
APM၊စပ်တမ်ဘာ ၂၄ / ၂၀၂၃
စစ်တွေမြို့နယ်၊ အလားသင်(မူဆလင်)ရွာမာ ဒေနိ(စပ်တမ်ဘာ ၂၄ ရက်နိ) မိုးထစောစော ၁ နာရီခွဲလောက်က မီးလောင်မှုတခုဖြစ်လို့ ဆိုင်ခန်းတခန်းပြာကျလားရေလို့ သိရပါရေ။
မီးလောင်ခရေ ဆိုင်ခန်းမာ အလားသင်ရွာက ဦးအူဆောင်နာ စားသောက်ကုန်ဆိုင်ဖြစ်ပါရေ။
ဦးအူဆောင်နာစွာ အလားသင်ရွာထဲက နီရာလွတ်တခုမာ အဆောင်ဆောက်လို့ စားသောက်ကုန်ဆိုင်ချေ ရောင်းချနီစွာဖြစ်ပါရေ။
ဒေနိမိုးထစောစော ၁ နာရီခွဲလောက်မာ မီးဖို မီးကြွင်းမီးကျန်ကနီပနာ ယင်းစားကုန်ဆိုင်ကို မီးလောင်လားခစွာဖြစ်ပြီးကေ ဆိုင်ခန်းတခုလုံးနန့် ဆိုင်ခန်းထဲက စားသောက်ကုန်ပစ္စည်းတိအားလုံး မီးလောင်ပြာကျလားပါရေ။
မီးလောင်မှုကိုတော့ အနားပတ်ဝန်းကျင်ရွာသားတိ ဝိုင်းဝန်းငြိမ်းသတ်လို့ မိုးထစောစော ၂ နာရီလောက်မာ ငြိမ်းသတ်နိုင်ခပါရေ။
လက်ဟိ မီးလောင်မှုနန့် ပတ်သက်လို့ သက်ဆိုင်ရာက ပိုင်သျှင် ဦးအူဆောင်နာ ခေါ်ယူစစ်ဆီးနီရေလို့ သိဟိရပါရေ။
