
APM၊ စပ်တမ်ဘာ ၂၄/ ၂၀၂၃
(၁၉) ကြိမ်မြောက် အာသျှအားကဇတ်ပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ဟန်ဂျိုးမြို့ဟိ ပရိသတ် ၈၀,၀၀၀ ဆန့်ရေ အားကဇတ်ကွင်းထဲမာ စပ်တမ်ဘာ ၂၃ ရက်နိကစလို့ စတင်ကျင်းပခရေ လို့ သိရပါရေ။
အဆိုပါ အာသျှအားကဇတ်ပွဲကို စပ်တမ်ဘာ ၂၃ ရက်နိညဇာက ဖွင့်ပွဲအခမ်းအနား ကျင်းပခပြီးကေ သမ္မတ ချီကျင့်ဖျင် တက်ရောက်ဖွင့်လှစ်ခပနာ အောက်တိုဘာ ၈ ရက်နိအထိ ကျင်းပလားဖို့လို့ သိပါရေ။
အလားတူ အိုလံပစ်ကော်မတီဥက္ကဌ သောမတ်စ် ဘာ့ခ်၊ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆတ်အပါအဝင် နိုင်ငံတကာဂေါင်းဆောင်တချို့လည်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ခကတ်ပါရေ။
အာသျှအားကဇတ်ပြိုင်ပွဲအတွင်း နိုင်ငံပေါင်း ၄၅ နိုင်ငံက အားကဇတ်သမား ၁၂,၀၀၀ လောက်စွာ အားကဇတ်နည်း ၄၀ မာ ဝင်ရောက်ယှဉ်ပြိုင်နီပါရေ။
အဆိုပါအားကဇတ်ပွဲမာ မြန်မာပြည်ကလည်းအမျိုးသမီး ၄၈ ယောက်အပါအဝင် အားကဇတ်သမား ၁၁၁ယောက် ပါဝင် ယှဉ်ပြိုင် နီပြီးကေ ဘောလုံး၊ တိုက်ကွမ်ဒို၊ ဝူသျှူး၊ လောင်းလှော်နန့် Esports တိမာ ယှဉ်ပြိုင်နီကတ်ကြောင်း သိဟိရပါရေ။
Source – Xi Jinping opens China-hosted Asian Games as colourful ceremony in Hangzhou tells of tide rising from Asia
Photo – Xinhua
